ကျိုက်ထီးရိုးတောင်ပေါ် ရေတံခွန်သွားတောင်ကျော၌ တောမီးလောင်နေ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ် ရေတံခွန်သွားတောင်ကျော်၌ ယနေ့ မတ် ၂၃ ရက်နံနက် ၉ နာရီခန့်မှစတင်ကာ တောမီးလောင်နေကြောင်းမီးသိတ်တပ်ဖွဲ့ထံမှ သိရသည်။
ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ် ကျီးကန်းပါးစပ်မှ ရေတံခွန်သွားသော လူသွားလမ်းတောင်ကျော ၌ တောမီးလောင်နေသဖြင့် ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူ/ဈေးသားများ ပူးပေါင်းငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။