ငလျင်ကြောင့် ပြိုကျသွားသည့် ဒုဌဝတီတံတားကို ပြန်တည်ဆောက်ရာတွင် ငလျင်ဒ-ဏ်ခံနိုင်သည့် ပစ္စည်းများအသုံးပြုကာ တည်ဆောက်သွားမည်
ငလျင်ဒ-ဏ်ကြောင့် ပြိုကျပျ-က်စီးသွားသည့် ဒုဌဝတီတံတားအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒ-ဏ်ခံနိုင်သည့် ပစ္စည်းများအသုံးပြုကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒုဌဝတီတံတားတည်ဆောက်ရမည့် နေရာသည် ပြင်းထန်ငလျင်ဇုန်တွင် ကျရောက်နေပြီး ငလျင်ပြ-တ်ရွေ့ကြောနှင့် နီးကပ်စွာ တည်ရှိနေသည်ဟု ဆိုသည်။
ထို့ကြောင့် လုပ်ငန်းမစတင်မီကပင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဝါရင့်အင်ဂျင်နီယာများနှင့် ပြင်ပပညာရှင်များက လေ့လာစမ်းစစ်မှုများ အထပ်ထပ်ပြုလုပ်ပြီးမှ တည်ဆောက်ရန်ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။
ပြန်တည်ဆောက်မည့် ဒုဌဝတီတံတားသည် အရှည်ပေ (၁,၀၀၀) ယာဉ်သွားလမ်းတစ်လမ်းတွင် (၁၂) ပေခွဲအကျယ်နှင့် လေးလမ်းသွား တံတားအမျိုးအစားဖြစ်သည်။
ထို့အတူ ဆိုင်ကယ်လမ်းတစ်ဖက်လျှင် (၅) ပေစီ နှစ်ဖက်ပါဝင်မည်ဖြစ်သည်။
ထိုတံတားကို လာမည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်လည်း ဖြစ်သည်။