ရုရှားက အီရန်နှင့်အတူရပ်တည်သည်--ပူတင်

အီရန်နှစ်သစ်ကူးရက်တွင် အီရန်ခေါင်းဆောင်များကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ဂုဏ်ပြုစကားပြောကြားခဲ့ပြီး မော်စကိုသည် တေရန်၏ သစ္စာရှိသော မိတ်ဆွေနှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု ခရမ္မလင်က စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် မော်စကို၏ အီရန်အပေါ် ထောက်ခံမှုအတိုင်းအတာမှာ အငြင်းပွားဖွယ်ရာဖြစ်သည်။ အမေရိကထောက်ခံသော ရှားဘုရင် ၁၉၇၉ ခုနှစ်တော်လှန်ရေးတွင် ဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း အီရန်ကြုံတွေ့နေရသော အကြီးမားဆုံးအကျပ်အတည်းတွင် မော်စကိုထံမှ မဆိုစလောက် အကူအညီသာရရှိခဲ့ကြောင်း အီရန်သတင်းရင်းမြစ်အချို့က ပြောကြားခဲ့သည်။

အီရန်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာ ခါမေနီနှင့် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်တို့ထံ ပူတင်က ဂုဏ်ပြုစကားပေးပို့ခဲ့ကြောင်း ခရမ္မလင်က ပြောကြားခဲ့သည်။

“အီရန်ပြည်သူများသည် ကြမ်းတမ်းသောစမ်းသပ်မှုများကို ဂုဏ်သိက္ခာရှိရှိကျော်လွှားနိုင်ပါစေကြောင်းနှင့် ဤခက်ခဲသောအချိန်တွင် မော်စကိုသည် တေရန်၏ သစ္စာရှိသော မိတ်ဆွေနှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေကြောင်းကို ဗလာဒီမာပူတင်က အလေးပေးပြောကြားခဲ့သည်” ဟု ခရမ္မလင်က ပြောကြားခဲ့သည်။

အမေရိကနှင့် အစ္စရေးတို့၏ အီရန်အပေါ် တို-က်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းတစ်ခုလုံးကို အသူတရာမျှနက်သောချောက်ထဲသို့ တွန်းပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်ဟု ရုရှားက ပြောကြားခဲ့ပြီး အီရန်အမြင့်ဆုံးခေါင်းဆောင်ကြီးကို သ-တ်ဖြတ်ခဲ့မှုအပေါ် အဆိုးမြင်သော လူသ-တ်မှုအဖြစ်ရှုမြင်လျှက် ပူတင်က ရှုတ်ချခဲ့သည်။

Ref: ရိုက်တာ

image