1 ပတ် - ဘာသာပြန်ပါ။

ရောဘတ်လီဝန်ဒေါ့စကီးရဲ့ စံချိန်ကို လိုက်မီရန် မဝေးတော့တဲ့ ဟယ်ရီကိန်း
==================
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်အား ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ပြီးနောက် တစ်ရာသီအတွင်း ဘွန်ဒက်စ်လီဂါသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီရေး ၁၀ ဂိုးတည်းသာ လိုပါတော့တယ်။

ဟယ်ရီကိန်းဟာ ယူနီယံဘာလင်နှင့်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်ရဲ့ တတိယမြောက်ဂိုးအား သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်ဟာ ဒုတိယနေရာမှ ဒေါ့မွန်ကို ၁၂ မှတ်အထိ ဖြတ်ကာ ဘွန်ဒက်စ်လီဂါအား ဦးဆောင်လာနိုင်ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူးဟယ်ရီကိန်းဟာလည်း ဘွန်ဒက်စ်လီဂါသွင်းဂိုး ၃၁ ဂိုးအထိ ရှိလာပြီ ဖြစ်ပြီး ၂၀၂၀-၂၁ ရာသီတုန်းက ရောဘတ်လီဝန်ဒေါ့စကီးရဲ့ တစ်ရာသီ ဘွန်ဒက်စ်လီဂါသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီရန် ၁၀ ဂိုးတည်းသာ လိုတော့ပြီလည်း ဖြစ်ပါတယ်။

ဟယ်ရီကိန်းက "ဖြစ်နိုင်တုန်းပါ။ ကိုယ်လုပ်ရမယ့်အရာကို ဆက်လုပ်နေရုံပါပဲ။ ဟက်ထရစ် သို့မဟုတ် နှစ်ဂိုးသွင်းနိုင်တဲ့ပွဲဆက်တိုက်တချို့ ဖြစ်လာရင် ဖြစ်လာနိုင်ခြေများပါတယ်"လို့ ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာ လီဝန်ဒေါ့စကီးရဲ့စံချိန်ကို လိုက်မီရေး ဧပြီလ ၄ ရက်နေ့ စနေနေ့ ဖရိုင်းဘတ်နှင့်ပွဲစဉ်တွင် ထပ်မံ ကြိုးပမ်းရပါမယ်။

image