1 ပတ် - ဘာသာပြန်ပါ။

နယူးကာဆယ်အသင်းခေါင်းဆောင်ဂူမာရေးစ်အား ခေါ်ယူရေး ယူနိုက်တက်ရဲ့ လျို့ဝှက်တွေ့ဆုံမှု နောက်ကွယ်မှ အမှန်တရား
=====================
ယူနိုက်တက်ဟာ နွေရာသီတွင် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူအားဖြည့်ရေး လုပ်ဆောင်တဲ့အနေဖြင့် နယူးကာဆယ်အသင်းခေါင်းဆောင်ဘရူနိုဂူမာရေးစ်ရဲ့ အေးဂျင့်များနှင့် အထူးလျို့ဝှက်တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ နွေရာသီတွင် အသင်းမှ ထွက်ခွာမယ့် ဝါရင့်ကွင်းလယ်ကစားသမားကက်စ်မီရိုရဲ့ နေရာတွင် အစားထိုးရန် ဘရာဇီးလက်ရွေးစင်ကစားသမားအား ပစ်မှတ်ထားနေတာပါ။

ကက်စ်မီရိုနေရာတွင် အစားထိုးရေး လွယ်ကူခြင်းမရှိတာနှင့်အညီ ယူနိုက်တက်ဟာ ကစားသမားအမြောက်အမြားကို လျာထားထားပါတယ်။

ဂူမာရေးစ်ဟာ နယူးကာဆယ်သို့ ရောက်လာပြီးနောက် အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်သမားများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီတွင် နယူးကာဆယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက ထိပ်တန်းကစားသမားများအား ဆက်ထိန်းသိမ်းရေး ခက်ခဲလာနိုင်တဲ့အခြေအနေမျိုး ကြုံရချိန်တွင် ဂူမာရေးစ်အား ခေါ်ယူရေး ခြေလှမ်းလှမ်းလာတာပါ။

UOL ရဲ့ ဖော်ပြလာမှုအရ ယူနိုက်တက်နှင့် ဂူမာရေးစ်ရဲ့အေးဂျင့်များဟာ အပြောင်းအရွှေ့ ဖြစ်မြောက်လာရေး ဆွေးနွေးလာကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ဂူမာရေးစ်ကို ပေါင်သန်း ၆၀ (ဒေါ်လာသန်း ၈၀)ဖြင့် ကမ်းလှမ်းမှုပြုလုပ်လာပါက အပြောင်းအရွှေ့ အောင်မြင်လာမယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။

တကယ်လို့ ယူနိုက်တက်ပစ်မှတ်နေတဲ့ နယူးကာဆယ်ကစားသမားက ဂူမာရေးစ်တစ်ဦးတည်း မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ ဂူမာရေးစ်အပြင် အီတလီကွင်းလယ်ကစားသမားဆန်ဒရိုတိုနာလီကို ခေါ်ယူရန်လည်း စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ တိုနာလီအား ခေါ်ယူရေး အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့နှင့်အပြိုင် ကြိုးပမ်းရပါမယ်။

တိုနာလီဟာလည်း လာမယ့်ရာသီတွင် နယူးကာဆယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက ထွက်ခွာနိုင်တဲ့ စတားများထဲတွင် ပါဝင်နေပါတယ်။

ယူနိုက်တက်ဟာ ဂူမာရေးစ် (သို့မဟုတ်)တိုနာလီအား အိုးထရက်ဖို့ဒ်သို့ အရောက်ခေါ်ယူရေး ပစ်မှတ်ထားနေပုံရပါတယ်။

တဖက်တွင် ယူနိုက်တက်ရဲ့ ကွင်းလယ်ပစ်မှတ်ထဲတွင် နော်တင်ဟမ်ဖောရက်စ်ရဲ့ အီးလီးယော့အင်ဒါဆင်လည်း ပါဝင်နေတာပါ။

image