နော်တင်ဟမ်ဖောရက်စ်ပွဲအပြီးတွင် မိသားစုဝင်နာရေးကြောင့် သတင်းစာရှင်းလင်းပွဲသို့ မတက်ခဲ့တဲ့ အိုင်ဂေါ်ကျူဒေါ်
====================
အိုင်ဂေါ်ကျူဒေါ်ဟာ နော်တင်ဟမ်ဖောရက်စ်အား အိမ်ကွင်းတွင် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ချက်ချင်းပင် မိသားစုဝင် နာရေးသတင်းကြားရပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲအား တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

ခရိုအေးရှားနည်းပြဟာ ပွဲအပြီး ချက်ချင်းပင် နာရေးသတင်းကြားသိရပြီးနောက် သတင်းစာရှင်းလင်းပွဲအား လက်ထောက်နည်းပြဘရူနိုဆယ်တော်အား တက်စေခဲ့ပါတယ်။

ဆယ်တော်က "ကိုယ်ရေးကိုယ်တာကိစ္စပါ။ မိသားစုအရေးပါ။ သူ့အတွက် စကားပြောဖို့ သင့်တော်တဲ့အချိန်မဟုတ်လို့ ကျွန်တော် ဒီကို ရောက်လာတာပါ။ အိုင်ဂေါ်က မိသားစုအရေးကြောင့် ဒီကို (သတင်းစာရှင်းလင်းပွဲ)သို့ မရောက်လာပါ။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲသို့ သူ မတက်တာက အကောင်းဆုံးပါ"လို့ ပြောကြားသွားပါတယ်။

စပါးစ်ဟာ နော်တင်ဟမ်ဖောရက်စ်အား ရှုံးနိမ့်ခဲ့ပေမယ့် ဝက်စ်ဟမ်းမှာလည်း ဗီလာအား ရှုံးနိမ့်သွားမှုနှင့်အတူ တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင် ဆက်လက် ရပ်တည်နေရတုန်း ဖြစ်ပါတယ်။

အိုင်ဂေါ်ကျူဒေါ်ဟာ စပါးစ်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုနှင့်အတူ ဖိအားများအောက်သို့ ကျရောက်နေပါတယ်။

စပါးစ်ဟာ ဧပြီလ ၁၂ ရက်နေ့တွင် ဆန်းဒါးလန်းအား အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။

image