1 ပတ် - ဘာသာပြန်ပါ။

ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ဖလားကိုလည်း အာဆင်နယ် လက်လွှတ်လာရလိမ့်မယ်လို့ ပရိသတ်များ ယုံကြည်နေ
=====================
ပရိသတ်များက အာဆင်နယ်မှာ ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ဖလားကိုလည်း ထပ်မံ လက်လွှတ်လာရလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

တနင်္ဂနွေနေ့ညတုန်းက ဝင်ဘာလေကွင်းတွင် ကစားတဲ့ ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးက အာဆင်နယ်အား ၂-၀ ဖြင့် အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီဆုဖလား ၄ လုံး ဆွတ်ခူးရေး ယှဉ်ပြိုင်နေတာ ဖြစ်ပြီး ယခုရာသီ ပထမဆုံးဆုဖလား ဆွတ်ခူးနိုင်မယ့် အခွင့်အရေး လက်လွှတ်လိုက်ရပြီလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၉ မှတ်ဖြတ်ကာ ဦးဆောင်နေတာ ဖြစ်ပြီး ချန်ပီယံလိဂ်နှင့် အက်ဖ်အေဖလားပြိုင်ပွဲတို့တွင်လည်း ကွာတားဖိုင်နယ်သို့ တက်ရောက်ထားပါတယ်။

ဒါပေမယ့် ပရိသတ်များက ခါရာဘောင်ဖလားဗိုလ်လုပွဲ ရှုံးပွဲနှင့်အတူ အာဆင်နယ်မှာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲတွင်လည်း အရေးနိမ့်လာမယ်လို့ ယုံကြည်နေကြပါတယ်။

ပရိသတ်တစ်ဦးက "အခု လာမယ့် အီတီဟတ်ပရီးမီးယားလိဂ်ပွဲကျရင် ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့အားလုံး သိထားနင့်ကြပြီ"လို့ ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း "ဘာဖြစ်လာမယ်ဆိုတာ အမြည်းလေးခံစားလိုက်ရပြီ"လို့ ပြောကြားသွားပါတယ်။

အခြားတစ်ဦးကလည်း "ဒီရာသီမှာလည်း အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလား လက်လွတ်လာရမယ်"လို့ဆိုသွားပါတယ်။

အာဆင်နယ်နှင့် မန်စီးတီးတို့ဟာ လာမယ့် ဧပြီလတွင် ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် အီတီဟတ်ကွင်းမှာ ကစားရပါမယ်။

မန်စီးတီးဟာ တစ်ပွဲကျန်ပွဲအား အနိုင်ရရှိကာ အိမ်ကွင်းတွေ့ဆုံတဲ့ပွဲတွင် အနိုင်ရရှိလာပါက အာဆင်နယ်နှင့် ၃ မှတ်အကွာသို့ ရောက်လာပါမယ်။

image