တိုင်နီဆိုက်ဒါဘီပွဲရှုံးပွဲအပြီးတွင် ပရိသတ်လှောင်ပြောင်မှုနှင့် ထိုက်တန်ကြောင်း အက်ဒီဟောင်းဖွင့်ဟလာ
====================
အက်ဒီဟောင်းက နယူးကာဆယ်ရဲ့ တိုင်နီဆိုက်ဒါဘီရှုံးပွဲအပြီးတွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုနှင့် ထိုက်တန်ကြောင်း ဝန်ခံပြောကြားလာပါတယ်။
နယူးကာဆယ်နည်းပြနှင့် အသင်းသားများဟာ ဆန်းဒါးလန်းအား တိုင်နီဆိုက်ဒါဘီပွဲရှုံးပွဲအပြီးတွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပါတယ်။
အက်ဒီဟောင်းဟာ ဖေဖော်ဝါရီလ ၇ ရက်တုန်းက အိမ်ကွင်းတွင် ဘရန့်ဖို့ဒ်အား ရှုံးနိမ့်တဲ့ပွဲတုန်းကလည်း အပြင်းအထန် ဝေဖန်မှုများနှင့် ကြုံရကာ အနာဂတ်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။
အက်ဒီဟောင်းဟာ အိမ်ကွင်းတွင်ပင် မြို့ခံပြိုင်ဘက် ဆန်းဒါးလန်းအား ရှုံးနိမ့်လာချိန်မှာတော့ လှောင်ပြောင်မှုများနှင့် ထပ်မံကြုံလာရပါတယ်။
အက်ဒီဟောင်းက "ဒါမျိုး ဘယ်တော့မှ မကြုံချင်ပါဘူး။ ဒါပေမယ့် ကျုပ်က ခေါင်းဆောင်တစ်ဦးဆိုတော့ ရှေ့ထွက်ရပါမယ်။ ဒါတွေကို ကြံ့ကြံ့ခံမယ်။ အများစုကို ပုံမှန်အတိုင်းပဲ လုပ်ဆောင်ပါမယ်။ ဒါက ကျုပ်အတွက် အရမ်းအရေးကြီးပါတယ်။ ဝေဖန်မှုကို နားလည်ပါတယ်။ မျှော်လည်း မျှော်လင့်ထားပြီးသားပါ။ ဒါနဲ့ပတ်သက်ပြီး ပြဿနာ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။
နယူးကာဆယ်ဟာ ဘာစီလိုနာအား ၇-၂ ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ဆန်းဒါးလန်းအား ထပ်မံ ရှုံးနိမ့်လာတာလည်း ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ လာမယ့် ဧပြီလ ၁၂ ရက်နေ့အထိ ပွဲကစားလာရမှာ မဟုတ်ပါဘူး။ အက်ဒီဟောင်းဟာ နည်းပြဘဝအတွင်း အရှည်လျားဆုံး နိုင်ပွဲတစ်ပွဲကြုံရရေး အချိန်စောင့်ဆိုင်းလာရတော့မှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး အက်ဒီဟောင်းက "ဒီအလုပ်အပေါ် အပြည့်အဝ စိတ်နှစ်ထားပြီးသားပါ။ ဒီကနေ့ လုပ်ဆောင်မှုအပေါ် စိတ်ပျက်မိသလို ပြီးခဲ့တဲ့ ရက်သတ္တပတ် လုပ်ဆောင်မှုကိုလည်း စိတ်ပျက်ပါတယ်။ ဘာစီလိုနာပွဲက အရမ်း ခက်ခဲတယ်။ ဒီနေ့ပွဲလည်း ခက်ခဲတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီးမှာ ပြောခဲ့သလို ဝေဖန်မှုကို အမြဲခံယူပါမယ်"လို့ ပြောကြားသွားပါတယ်။