ကမ္ဘာ့ဖလားပြိုင်ပွဲဝတ်စုံကို အင်္ဂလန်အသင်း ကြေညာလာ
======================
အင်္ဂလန်အသင်းဟာ နွေရာသီတွင် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝတ်ဆင်လာမယ့် အိမ်ကွင်းနှင့် အဝေးကွင်းဝတ်စုံသစ်တို့အား အတည်ပြု ကြေညာလာပါတယ်။
Nike က ဖန်တီးထုတ်လုပ်ထားတဲ့ အင်္ဂလန်အသင်း အိမ်ကွင်းဝတ်စုံကို အဖြူရောင်ဖြင့် ဖန်တီးထားပြီး လည်ပင်းနှင့် လက်မောင်းတို့တွင် အနက်ရောင်နှင့် အဖြူရောင်အစင်းလိုင်း သုံးထားသလို ပုခုံးတွင်လည်း အနက်ရောင်အစင်းလိုကင်း ပါဝင်ပါတယ်။
ဒါ့အပြင် ကော်လံအတွင်းဘက်တွင်လည်း နိုင်ငံတော်သီချင်း God Save the King မှ စာသားဖြစ်တဲ့ 'happy and glorious' ဆိုတဲ့စာသားကို ထည့်သွင်းထားပါတယ်။
အင်္ဂလန်ဟာ ယင်းဝတ်စုံကို လာမယ့်သောကြာနေ့တွင် ဝင်ဘာလေကွင်းမှာ ကစားမယ့် ဥရုဂွေးနှင့် ခြေစမ်းပွဲစဉ်တွင် စတင် ဝတ်ဆင်ကစားလာပါမယ်။
Nike က အင်္ဂလန်အသင်းအိမ်ကွင်းဝတ်စုံမှာ အင်္ဂလန်ရဲ့အမွေအနှစ်ကို ဂုဏ်ပြုထားတဲ့ ခေတ်မီအဖြူရောင်ဒီဇိုင်းလို့ ဖော်ကျူးထားပါတယ်။
အိမ်ကွင်းဝတ်စုံတွင် ၁၉၆၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့မှုကို ဖော်ကျူးထားတဲ့ ရွှေရောင်ကြယ်တစ်ပွင့်ကိုလည်း လိုဂိုအပေါ်ဘက်တွင် ထည့်သွင်းထားပါတယ်။
အဝေးကွင်းဝတ်စုံမှာ အနီရောင် ဖြစ်ပြီး လိုဂိုကို ရင်ဘတ်အလယ်တွင် ထည့်သွင်းထားပါတယ်။ ဘောင်းဘီတိုက နေဗီရောင် ဖြစ်ပါတယ်။
ယင်းဝတ်စုံနှစ်ခုလုံးကို တနင်္လာနေ့မှ စတင် ဝယ်ယူလာနိုင်ပါမယ်။