3 ပတ် - ဘာသာပြန်ပါ။

အသင်းဟောင်းဒေါ့မွန်သို့ ပြန်ပြောင်းရေး ဂျာဒွန်ဆန်ချို ဆွေးနွေးနေ
===================
ဂျာဒွန်ဆန်ချိုဟာ နွေရာသီတွင် အသင်းဟောင်းဒေါ့မွန်သို့ အပြီးသတ်ပြောင်းရွှေ့ရေး ဆွေးနွေးနေကြောင်း သိရပါတယ်။

Bild ရဲ့ ဖော်ပြလာမှုအရ ဒေါ့မွန်အသင်းတာဝန်ရှိသူများဟာ ဆန်ချိုကို ခေါ်ယူရေး အလက်အနက်ထား လုပ်ဆောင်နေကြကာ အေးဂျင့်များနှင့် ဆက်သွယ်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

ဆန်ချိုဟာ နွေရာသီတွင် ယူနိုက်တက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးလာမှာ ဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက် ပါဝင်ထားပါတယ်။ သူဟာ လက်ရှိ ဗီလာတွင် အငှားဖြင့် ကစားနေပါတယ်။

တဖက်တွင် ဆန်ချိုအနေဖြင့် ဒေါ့မွန်သို့ ပြောင်းရွှေ့ကစားမည်ဆိုပါက လုပ်ခများစွာ လျှော့ယူလာရပါမယ်။

သူဟာ လက်ရှိ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ရရှိနေပေမယ့်လည်း ဒေါ့မွန်သို့ ပြောင်းချိန်မှာတော့ ပေါင် ၁၅၀၀၀၀ မျှသာ ရလာဖို့ ရှိပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီတုန်းက ဆန်ချိုကို ဒေါ့မွန်သို့ အငှားချထားတုန်းက ပေါင် ၁၀၀၀၀၀ အား စိုက်ထူပေးခဲ့ရပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကစားစဉ်တုန်းက ဂိုး ၅၀ အထိ သွင်းယူခဲ့ကာ ပရိသတ်အချစ်တော်ကစားသမားဖြစ်ခဲ့ပါတယ်။

သူဟာ ၂၀၂၃-၂၄ ရာသီတွင် အငှားဖြင့် ကစားစဉ်တုန်းက ဒေါ့မွန်ကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးသို့ အငှားဖြင့် သွားကစားစဉ်တုန်းက ပြိုင်ပွဲအရပ်ရပ် ၄၂ ပွဲကစားခဲ့ရာမှာ ၅ ဂိုးသွင်းပြီး ၁၀ ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ နွေရာသီတုန်းက ဆန်ချိုကို ပေါင် ၂၅ သန်းဖြင့် အငှားခေါ်ယူရေး ငြင်းဆိုပြီး ယူနိုက်တက်ကို နစ်နာကြေး ပေါင် ၅ သန်းပေးခဲ့ပါတယ်။

ဆန်ချိုဟာ ကစားသမားဘဝ ပြန်လည် ဦးမော့ရန် ဆန္ဒပြင်းပြနေပြီး သူ့အတွက် အသင့်တော်ဆုံးနေရာက ဒေါ့မွန်လို့ ယူဆထားပါတယ်။

image