1 ပတ် - ဘာသာပြန်ပါ။

အသင်းဟောင်းရေးဆင်းတွင် ပြန်ကစားရေး ဇနီးသည်ကို ဖျောင်းဖျသွားမယ့် အင်တာမီလန်စတားမာတီနက်ဇ်
===================
လူသာရိုမာတီနက်ဇ်ဟာ အင်တာမီလန်တွင် အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေပေမယ့်လည်း တစ်နေ့တွင် အသင်းဟောင်းရေးဆင်းတွင် ကစားရေး စတင်စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ၂၀၁၈ ခုနှစ်တုန်းက ရေးဆင်းမှ ထွက်ခွာကာ အင်တာမီလန်သို့ ပြောင်းလာခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ကစားသမားဘဝနှောင်းပိုင်းတွင် ရေးဆင်းသို့ သွားရောက် ကစားလိုနေပြီး ယင်းအိပ်မက် အကောင်အထည်ဖော်ရေးအတွက် ဇနီးသည်ကို အချိန်ယူဖျောင်းဖျမှု ပြုလုပ်လာပါမယ်။

မာတီနက်ဇ်ဟာ ရေးဆင်းအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၆၂ ပွဲတွင် ၂၇ ဂိုးသွင်းကာ ပရိသတ်အချစ်တော်ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ မာတီနက်ဇ်ဟာ ယခုရာသီတွင် အင်တာမီလန်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၈ ဂိုးသွင်းကာ ၄ ကြိမ်ဖန်တီးပြီး မြို့ခံပြိုင်ဘက် အေစီမီလန်အား ၈ မှတ်ဖြတ်ကာ စီးရီးအေထိပ်ဆုံးတွင် ရပ်တည်နိုင်အောင် ကူညီထားပါတယ်။

မာတီနက်ဇ်က "ရေးဆင်းကို ပြန်ရေးက ကျွန်တော့် အိပ်မက်ပါ။ ဇနီးသည်ကို ဖျောင်းဖျဖို့ ကြိုးစားနေတယ်။ သူကလည်း ကျွန်တော့်ကို အားပေးတယ်။ ဒါပေမယ့် မိသားစုအခြေအနေနဲ့လည်း ဆိုင်တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုပိုင်းပေါ့။ ဒါပေမယ့် အနည်းဆုံး တစ်နှစ်လောက် ရေးဆင်းမှာ ပြန်ကစားဖို့က ကျွန်တော့်အိပ်မက်ပါ။ ဘယ်တော့ ဖြစ်လာမလဲ မသိပါဘူး"လို့ ပြောကြားသွားပါတယ်။

လူသာရိုမာတီနက်ဇ်ဟာ အင်တာမီလန်နှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး ကလပ်တွင်ပင် ဆက်ရှိနေမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

မာတီနက်ဇ်ဟာ အင်တာမီလန်နှင့်အတူ သမိုင်းဝင် ဆုဖလား ၃ ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ ရေးဆင်းဥက္ကဌဒီယေဂိုမီလီတိုနှင့်လည်း ကောင်းမွန်တဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံရေး ရှိသူ ဖြစ်ပါတယ်။

image