ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် လီဗာပူးနှင့် ဆုံရလို့ လက်ရှိချန်ပီယံ မပျော်မရွှင် ဖြစ်နေလိမ့်မယ်လို့ အန်းဆလော့ ပြောကြားလာ
================
လီဗာပူးနည်းပြအန်းဆလော့က လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် လီဗာပူးနှင့် ဆုံတွေ့နေမှုကြောင့် မပျော်မရွှင်ဖြစ်နေလိမ့်မယ်လို့ ပြောကြားလာပါတယ်။
လီဗာပူးဟာ ဂါလာတာစာရေးကို ကျော်ဖြတ်ပြီးတော့လည်းကောင်း ပီအက်စ်ဂျီက ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချဲလ်ဆီးကို ကျော်ဖြတ်ပြီးတော့လည်းကောင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်လာပါတယ်။
လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် နောက်ထပ် ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်နေတဲ့ အာဆင်နယ်နှင့် ထပ်မံ ရင်ဆိုင်ရပါမယ်။
အန်းဆလော့က "ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီနဲ့အဝေးကွင်းပွဲကတော့ လုံးဝ ဆိုးရွားခဲ့တယ်။ အန်ဖီးလ်မှာတော့ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲ ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တယ်။ မျှမျှတတပြောရရင် သူတို့ရဲ့ အဆင့်အတန်းမကျသေးပါဘူး။ သူတို့လို အသင်းတွေအတွက် ထပ်ကောင်းဖို့ဆိုတာ ခက်တယ်။ ဒါပေမယ့် သူတို့ အခု အရမ်းကောင်းနေပါတယ်။ ဒါပေမယ့် သူတို့ဟာလည်း ကျွန်တော်တို့ရဲ့ ဒီညခြေစွမ်း(ဂါလာတာစာရေး)ကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ကျွန်တော်တို့နဲ့ ကစားရမှာ ဖြစ်လို့ ပျော်နေမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ တစ်သင်းတည်းပဲ သူတို့ကို အချိန်ပိုနဲ့ ပင်နယ်တီကစားရအောင် လုပ်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းပါ"လို့ ပြောကြားသွားပါတယ်။
အခြား ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ဘာစီလိုနာနှင့် အက်သလက်တီကို၊ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်နှင့် စပို့တင်းလစ္စဘွန်းတို့ တွေ့ဆုံနေပါတယ်။