1 ပတ် - ဘာသာပြန်ပါ။

တစ်ကမ္ဘာလုံးဆိုင်ရာစစ်တုရင်ပြိုင်ပွဲတွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာတဲ့ အာလင်းဟာလန်း
==================
မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းက တစ်ကမ္ဘာလုံးဆိုင်ရာ စစ်တုရင်ပြိုင်ပွဲသစ်တွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာကြောင်း ကြေညာလာပါတယ်။

အသက် ၂၅ နှစ်ရှိ နော်ဝေလက်ရွေးစင်ဟာ နော်ဝေစစ်တုရင်အဖွဲ့ချုပ်က လာမယ့်နှစ်တွင် ကြီးမှူးကျင်းပလာမယ့် Total Chess World Championship Tour တွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာတာပါ။

ယင်းပြိုင်ပွဲကို ပြိုင်ပွဲ ၄ ရပ်ဖြင့် ကွဲပြားတဲ့ မြို့များတွင် ကျင်းပလာမှာ ဖြစ်ကာ ကမ္ဘာ့ချန်ပီယံ ၃ ဦးအဖြစ် လျှင်မြန်တဲ့ ဂန္ထဝင်၊ လျှင်မြန်သူနှင့် ဘလစ်ဇ်စစ်တုရင်ဆိုပြီး ရွေးချယ်မှု ပြုလုပ်လာပါမယ်။

ယင်းပြိုင်ပွဲကို နိုင်ငံတကာစစ်တုရင်အဖွဲ့ချုပ်ကလည်း ပံ့ပိုးမှုများ ပြုလုပ်ထားပြီး ယခု ဆောင်းဦးပေါက်တွင် စမ်းသပ်ပြိုင်ပွဲ ကျင်းပလာပါမယ်။

ရာသီတစ်ခုတိုင်းကို ဆုကြေးငွေ ဒေါ်လာ ၂.၇ သန်းအထိ ချီးမြှင့်လာမှာ ဖြစ်ပါတယ်။

အာလင်းဟာလန်းက "အလျှင်အမြန်စဉ်းစားရတယ်။ ကိုယ့်ဗီဇကို ယုံကြည်ရတယ်။ ရှေ့မှာ ရွှေ့ရမယ့်အကွက်တွေကို ကြိုတွေးရတယ်။ အားလုံးအတွက် ဗျူဟာနဲ့ အစီအစဉ်တွေ ချရတယ်။ Total Chess World Championship Tour သစ်က ကမ္ဘာတလွှားအကြီးကျယ်ဆုံးအားကစားပြိုင်ပွဲတွေထဲက တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်လို့ နော်ဝေစစ်တုရင်မှာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာတာပါ"လို့ ပြောကြားသွားပါတယ်။

နော်ဝေနိုင်ငံဟာ စစ်တုရင်လောကတွင် အစဉ်အလာကြီးမားတဲ့ နိုင်ငံထဲမှ တစ်ခု အပါအဝင်ဖြစ်ပြီး မက်ဂနပ်စ်ကားလ်ဆင်မှာ စနစ်စုံ ကမ္ဘာ့ချန်ပီယံဆုများစွာ ဆွတ်ခူးခဲ့ဖူးပါတယ်။

image