လီဗာပူးနှင့်ပွဲတွင် နိုအာလန်း ပြင်းထန်တဲ့ လက်မဒဏ်ရာရရှိသွားပြီးနောက် တရားစွဲမယ်လို့ ဂါလာတာစာရေး ခြိမ်းခြောက်လာ
====================
ဂါလာတာစာရေးဟာ အန်ဖီးလ်ကွင်းပွဲစဉ်တွင် နိုအာလန်း ဆိုးရွားတဲ့ လက်မ ဒဏ်ရာရရှိပြီး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် လီဗာပူးနှင့် ယူအီးအက်ဖ်အေတို့အား တရားစွဲမယ်လို့ ခြိမ်းခြောက်မှု ပြုလုပ်လာပါတယ်။

အသက် ၂၆ နှစ်ရှိ ဒတ်ချ်ကစားသမားဟာ ဗုဒ္ဓဟူးနေ့တုန်းက ချန်ပီယံလိဂ်ပွဲစဉ်အတွင်းတွင် ကြော်ငြာဆိုင်းဘုတ်နှစ်ခုအကြား ညှပ်မိပြီးနောက် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ကို လူနာတင်ထမ်းစဉ်၊ အောက်ဆီဂျင်ပေးပြီး ကွင်းပြင်သို့ ထမ်းခေါ်ခဲ့ရကာ လက်မအား ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

ဆေးရုံတွင် အောင်မြင်တဲ့ ခွဲစိတ်ကုသမှု ခံယူပြီးနောက် နိုအာလန်းက “S*** happens. Surgery went well! Thanks for all the messages.”လို့ ဆိုရှယ်မီဒီယာတွင် ပို့စ်တင်သွားပါတယ်။

တဖက်တွင် ဂါလာတာစာရေးဟာ အထက်ပါ ဖြစ်ရပ်အတွက် လီဗာပူးနှင့် ယူအီးအက်ဖ်အေတို့ထံမှ နစ်နာကြေး ရရှိရေး တရားစွဲဆိုမယ်လို့ အံ့ဩသင့်ဖွယ် ခြိမ်းခြောက်လာပါတယ်။

ဂါလာတာစာရေးအထွေထွေမန်နေဂျာအာရေးယာဂါက "ပွဲပြီးတော့ ယူအီးအက်ဖ်အေကိုယ်စားလှယ်ကို စောဒကတက်ထားတယ်။ သူတို့လည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်။ ယူအီးအက်ဖ်အေက ဒီပြဿနာကို အကဲဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့ကလည်း ရှေ့နေတွေနဲ့ ဆွေးနွေးနေတယ်။ ယူအီးအက်ဖ်အေထံ နစ်နာကြေးရဖို့ တရားစွဲသွားမယ်။ လစာနစ်နာမှုတွေအတွက် တောင်းဆိုသွားပါမယ်"လို့ ပြောကြားသွားပါတယ်။

အစ္စတန်ဘူလ်တွင် ကစားတဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့တွင် ၁-၀ ဖြင့် အနိုင်ရထားခဲ့တဲ့ ဂါလာတာစာရေးဟာ အန်ဖီးလ်ပွဲစဉ်တွင် ၄-၀ ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရပါမယ်။

image