2 ရက် - ဘာသာပြန်ပါ။

အမှားများ လုပ်ခဲ့ကြောင်း ဝန်ခံလာပေမယ့် ရာသီ အပြောင်းအလဲ ဖြစ်အောင် လုပ်ဆောင်နိုင်ဆဲ ဖြစ်ကြောင်း အန်းဆလော့ ပြောကြားလာ
=================
လီဗာပူးနည်းပြအန်းဆလော့က ယခုရာသီတွင် ၎င်းမှာ အမှားများစွာ ပြုလုပ်ထားနိုင်ကြောင်း ဝန်ခံလာပါတယ်။ ဒါပေမယ့် ဒတ်ချ်လူမျိုးနည်းပြက ယနေ့ည ချန်ပီယံလိဂ်နိုင်ပွဲဖြင့် ရာသီကို အပြောင်းအလဲ ဖြစ်အောင် ပြုလုပ်နိုင်ဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့အပတ်တုန်းက အစ္စတန်ဘူလ်တွင် ဂါလာတာစာရေးအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားပါတယ်။ တဖက်တွင် လီဗာပူးဟာ ယခုရာသီ ရလဒ်ဆိုးရွားနေကာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့အား ကာကွယ်ထားနိုင်ခြင်း မရှိပါဘူး။

ဒါပေမယ့် အန်းဆလော့က ပထမအကျော့ ရလဒ်ကို အပြောင်းအလဲ ဖြစ်အောင် ပြုလုပ်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဆိုပါက ပိုကောင်းတဲ့ ရာသီတစ်ခု ပိုင်ဆိုင်လာနိုင်ကြောင်း ဆိုလာပါတယ်။

အသင်းအား လှောင်ပြောင်မှုများနှင့်ပတ်သက်ပြီး မေးမြန်းလာချိန်တွင် အန်းဆလော့က "ဒီကို ရောက်လာတုန်းက လူတွေက ပြောကြတယ်။ (ပရိသတ်လှောင်လာရင်) ကျွန်တော် ကြုံလာခဲ့ရင်ပေါ့။ ဒီကလပ်က အခြားကလပ်တွေနဲ့ ကွဲပြားတယ်။ သူတို့က မန်နေဂျာကို ကာလရှည်ကြာ အားပေးကြလိမ့်မယ်လို့ ပြောကြတယ်။ အခုအချိန်မှာ (ပရိသတ်တွေ နည်းပြအပေါ် စိတ်ပျက်) ဒါက အမှန်ဆိုရင် ကျွန်တော် အမှားတွေ လုပ်ထားတာ ဖြစ်ပါလိမ့်မယ်။ ဒီပရိသတ်တွေက ဆိုးဆိုး ကောင်းကောင်း မန်နေဂျာကို အမြဲအားပေးကြတော့ ကောင်းမွန်တဲ့ ခံစားချက် မဟုတ်ပါဘူး။ သူတို့ ကျွန်တော့်အပေါ် သဘောမကျတော့ဘူးဆိုတာက ကျွန်တော့် အမှားတွေ လုပ်ထားလို့ ဖြစ်ပါလိမ့်မယ်။ ဒီလိုခံစားရတာ ဘယ်တုန်းကမှ မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်က ဘောလုံးလောက ဘယ်လို အလုပ်လုပ်တယ်ဆိုတာ သိပါတယ်။ နိုင်ပွဲက အများကြီး ပြောင်းလဲ ပစ်နိုင်ပါတယ်။ မနက်ဖြန် ကျွန်တော်တို့ ကြိုးပမ်းလာမယ့်အရာ ဖြစ်ပါတယ်။ ဒီအတွက် အသင့် ဖြစ်နေတယ်ဆိုတာကိုလည်း ပြောပြနိုင်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ယခုရာသီ လီဗာပူးရဲ့ အဓိကပစ်မှတ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၅ သင်းစာရင်း ဝင်ရေး ဖြစ်နေပါတယ်။

တဖက်တွင် အန်းဆလော့အတွက် အက်ဖ်အေဖလားချန်ပီယံ ဖြစ်ရေး မျှော်လင့်ချက် ရှိနေပါသေးတယ်။

image