2 ရက် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပေမယ့် ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စံချိန်ကို ကျော်ဖြတ်လာတဲ့ ဂွါဒီယိုလာ
====================
ပက်ဂွါဒီယိုလာဟာ ချန်ပီယံလိဂ်သမိုင်းတွင် ဒုတိယပွဲအများဆုံးကိုင်တွယ်တဲ့ နည်းပြအဖြစ် ဆာအဲလက်စ်ဖာဂူဆန်ကို ကျော်ဖြတ်ပြီး ရပ်တည်လာပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးတို့ ရီးရဲလ်မက်ဒရစ်အား နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် စံချိန်ရေးထိုးလာတာလည်း ဖြစ်ပါတယ်။

ကတ်တလန်လူမျိုးနည်းပြဟာ ချန်ပီယံလိဂ်ပွဲ ၁၉၁ ပွဲ ကြီးကြပ်ကာ ဆာအဲလက်စ်ဖာဂူဆန်ကို ကျော်ဖြတ်လာတာလည်း ဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ ပွဲ ၁၉၀ ဖြင့် ချန်ပီယံလိဂ်ပွဲအများဆုံးကြီးကြပ်ခွင့်ရ နည်းပြများစာရင်းတွင် တတိယနေရာသို့ ဆင်းပေးလိုက်ရပါတယ်။

အသက် ၅၅ နှစ်ရှိ ဂွါဒီယိုလာဟာ ချန်ပီယံလိဂ်ပွဲ ပွဲ ၁၉၁ ပွဲအထိ ကြီးကြပ်လာမှုနှင့်အတူ အာစင်ဝင်းဂါး (၁၇၈ ပွဲ)၊ မော်ရင်ဟို (၁၅၄ ပွဲ)တို့အား များစွာ ဖြတ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂွါဒီယိုလာအနေဖြင့် ချန်ပီယံလိဂ်ပွဲအများဆုံးကြီးကြပ်ခွင့်ရ နည်းပြအဖြစ် ရပ်တည်နေတဲ့ အန်ဆယ်လော့တီရဲ့ ၂၁၈ ပွဲ စံချိန်ကို လိုက်မီနိုင်မယ့် အခြေအနေမှာလည်း ရှိနေပါတယ်။

တဖက်တွင် ဂွါဒီယိုလာဟာ ဇီဒန်း၊ ဘော့ပရက်စလေတို့နှင့်အတူ ချန်ပီယံလိဂ် ၃ ကြိမ် ဆွတ်ခူးထားနိုင်တဲ့ နည်းပြအဖြစ် ရပ်တည်နေပြီး အန်ဆယ်လော့တီက ၅ ကြိမ်ဖြင့် အများဆုံး ဆွတ်ခူးထားသူအဖြစ် ရပ်တည်နေပါတယ်။

image