2 ပတ် - ဘာသာပြန်ပါ။

နည်းပြဘဝ ပထမဆုံးပွဲတွင် ရှုံးပွဲ ကြုံတွေ့လာတဲ့ အာဆင်နယ်နှင့် ချဲလ်ဆီးးဂန္ထဝင် အက်ရှ်လေကိုးလ်
====================
အက်ရှ်လေကိုးလ်ဟာ နည်းပြဘဝ ပထမဆုံးပွဲအဖြစ် စီးရီးဘီကလပ် စီဆီနာအား ကိုင်တွယ်ရာတွင် ရှုံးပွဲနှင့် စတင် တွေ့ဆုံလာခဲ့ပါတယ်။

အက်ရှ်လေကိုးလ်ဟာ ယခုအပတ်အစောပိုင်းတုန်းက စီးရီးဘီကလပ် စီဆီနာရဲ့ နည်းပြအဖြစ် ရာသီအကုန်အထိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံရပြီးနောက် အင်္ဂါနေ့ညတုန်းက မန်တိုဗာအား ရှုံးနိမ့်လာခဲ့ပါတယ်။

စီးရီးဘီကလပ် စီဆီနာဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက ဖရိုဆီနိုနီနှင့် တစ်ဂိုးစီသရေကျပြီးနောက် မီချယ်လီမစ်နာနီအား ထုတ်ပယ်ပြီး အက်ရှ်လေကိုးလ်အား ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အက်ရှ်လေကိုးလ်ဟာ နည်းပြဘဝ ပထမဆုံးအကြိမ်အဖြစ် နည်းပြချုပ်ရာထူးအား ကိုင်တွယ်လာတာဖြစ်ပြီး ပထမဆုံးပွဲအဖြစ် မန်တိုဗာနှင့်အား ကြီးကြပ်ရာမှာတော့ ၃-၀ ဂိုးဖြင့် ရှုံ့းနိမ့်ခဲ့ပါတယ်။

အက်ရှ်လေကိုးလ်ရဲ့ စီဆီနာဟာ ပွဲအစ ၈ မိနစ်တွင်ပင် ဇာရိုရဲ့ OG ဂိုးကြောင့် စောစောစီးစီး ဂိုးပေးခဲ့ရပြီးနောက် ဒုတိယပိုင်း ၅၈ မိနစ်တွင် မီရိုနီက မန်တိုဗာအတွက် ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

အက်ရှ်လေကိုးလ်ဟာ ပွဲချိန်မိနစ် ၆၀ နောက်ပိုင်းတွင် လူစားလဲလှယ်မှု ၅ ကြိမ်အထိ ပြုလုပ်ပြီး ပွဲကို အလှည့်အပြောင်း ဖြစ်လာအောင် ကြိုးပမ်းခဲ့ပေမယ့်လည်း အချိန်ပို ၃ မိနစ်တွင် မန်ကူဆိုက တတိယဂိုးသွင်းယူသွားခဲ့လို့ ၃-၀ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

အက်ရှ်လေကိုးလ်ဟာ ကစားသမားဘဝတုန်းက အာဆင်နယ်၊ ချဲလ်ဆီးတို့တွင် အောင်မြင်မှုများ ရယူခဲ့သလို ရိုးမား၊ အယ်လ်အေဂလက်ဆီတို့မှာလည်း ကစားခဲ့ဖူးပါတယ်။

သူဟာ ဖရန့်လမ်းပတ်၊ ဝိန်းရွန်းနီတို့ရဲ့ လက်အောက်တွင် ဒါဘီကောင်တီ၊ ချဲလ်ဆီး၊ အဲဗာတန်၊ ဘာမင်ဂမ်တို့တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အင်္ဂလန်ယူ-၂၁ အသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့လည်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ဖူးပါတယ်။

image