2 ပတ် - ဘာသာပြန်ပါ။

မျက်နှာကို ဒူးဖြင့် ထောက်ခဲ့တဲ့ ရူဒီဂါအား ၁၀ ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် လာလီဂါစတား တောင်းဆိုလာ
===================
ဂီတာဖေးနောက်ခံလူဒီယေဂိုရီကိုဟာ မျက်နှာကို ဒူးဖြင့် ဖိထောက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူအန်တိုနီယိုရူဒီဂါအား ၁၀ ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုလာပါတယ်။

အဆိုပါ အဖြစ်အပျက်မှာ လွန်ခဲ့တဲ့ ၂ ပတ်တုန်းက ဘာနေဗျူးတွင် ရီးရဲလ်မက်ဒရစ်အား ဂီတာဖေးက ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ် ဖြစ်ခဲ့တာပါ။

ရူဒီဂါဟာ ဂီတာဖေးဘယ်နောက်ခံလူရဲ့ မျက်နှာကို ဒူးဖြင့် ဖိထောက်ခဲ့ပေမယ့်လည်း ကွင်းအတွင်း ဒိုင်လူကြီးအလီဂျန်ဒရိုမူနစ်ဇ်ရုဇ်က တစုံတရာ အရေးယူခဲ့ခြင်း မရှိသလို VAR ကလည်း ကြားဝင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် ရီကိုက "ကျုပ်သာဆိုရင် ၁၀ ပွဲပယ်ခံရမှာ ဒီရာသီမှာ ကစားခွင့်ရလာတော့မှာ မဟုတ်ဘူး။ VAR က ဘာအတွက် ထားတာလဲ မသိဘူး။ ဒီအခြေအနေတွေအတွက် VAR ကို ထားထားတာပါ။ တိုက်ခိုက်မှုတစ်ခုပါ။ သူက ကျွန်တော့်ကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားတာ မြင်ရပါမယ်"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် အသက် ၃၃ နှစ်ရှိ ချဲလ်ဆီးနောက်ခံလူဟောင်းကမူ "အနှေးပြကွက်က ဓာတ်ပုံတွေကို ခင်ဗျားလည်း တွေ့မှာပါ။ အရမ်းဆိုးတာ သိသာပါတယ်။ ဒီကစားသမားပြောပုံက ကျုပ်ကပဲ သူ့ကို သတ်တော့မယ့်အတိုင်း ဖြစ်နေတယ်။ ဒီလောက်အထိ ချဲ့ကားနေစရာ မလိုပါဘူး"လို့ ပြောကြားသွားပါတယ်။

image