ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ စာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၃၆၇၈၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြ
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ စာသင်နှစ် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုခွင့်ရှိသူ (၃၉၆၉၄) ဦးရှိသည့်အနက် (၃၆၇၈၂) ဦးဝင်ရောက် ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန် ပျက်ကွက်သူဦးရေ (၂၉၁၂) ဦးရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုခွင့်ရှိသူ (၃၉၃၂၇) ဦးရှိသည့်အနက်မှ (၃၆၄၂၀)ဦး ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန်ပျက်ကွက်သူ( ၂၉၀၇) ဦးရှိကြောင်းသိရသည်။
တက္ကသိုလ်ဝင်တန်း စက်မှုလက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေး စာမေးပွဲတွင် စာစစ်ဌာန၆ခုတွင် ဝင်ရောက်ဖြေဆိုခွင့်ရှိသူ (၃၆၇ )ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၃၆၂) ဦးနှင့် ဖြေဆိုရန် ပျက်ကွက်သူ ( ၅) ဦးရှိကြောင်း သိရသည်။