ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ စာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၃၆၇၈၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြ

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ စာသင်နှစ် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုခွင့်ရှိသူ (၃၉၆၉၄) ဦးရှိသည့်အနက် (၃၆၇၈၂) ဦးဝင်ရောက် ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန် ပျက်ကွက်သူဦးရေ (၂၉၁၂) ဦးရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ​​ဖြေဆိုခွင့်ရှိသူ (၃၉၃၂၇) ဦးရှိသည့်အနက်မှ (၃၆၄၂၀)ဦး ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန်ပျက်ကွက်သူ( ၂၉၀၇) ဦးရှိကြောင်းသိရသည်။

တက္ကသိုလ်ဝင်တန်း စက်မှုလက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေး စာမေးပွဲတွင် စာစစ်ဌာန၆ခုတွင် ဝင်ရောက်ဖြေဆိုခွင့်ရှိသူ (၃၆၇ )ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၃၆၂) ဦးနှင့် ဖြေဆိုရန် ပျက်ကွက်သူ ( ၅) ဦးရှိကြောင်း သိရသည်။

image