5 ရက် - ဘာသာပြန်ပါ။

၆၇၅ ရက်အကြာတွင် အောက်စ်ဖို့ဒ်ယူနိုက်တက် ပင်နယ်တီ ရရှိလာပြီးနောက် မုတ်ဆိတ်မွှေးရိတ်လာရပြီဖြစ်တဲ့ ပရိသတ်
======================
အောက်စ်ဖို့ဒ်ယူနိုက်တက်ဟာ စနေနေ့တုန်းက Kassam Stadium တွင် ၆၇၅ ရက်အကြာတွင် ပထမဆုံးပင်နယ်တီ ရရှိလာခဲ့ပါတယ်။

အောက်စ်ဖို့ဒ်ယူနိုက်တက်နောက်ဆုံးအကြိမ် ပင်နယ်တီ ရတုန်းက နည်းပြအဖြစ် ဒက်စ်ဘူကိန်းဟမ်၊ ဝန်ကြီးချုပ်အဖြစ် ရီရှီဆူနစ်ခ်၊ အီတလီက ယူရိုချန်ပီယံအဖြစ် ရှိနေခဲ့တာပါ။

ဒါပေမယ့် စနေနေ့မှာတော့ အောက်စ်ဖို့ဒ်ယူနိုက်တက်ဟာ ၂ နှစ်နီးပါး ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပင်နယ်တီ ရရှိလာပါတယ်။

ယင်းသို့ အောက်စ်ဖို့ဒ်ယူနိုက်တက် ပင်နယ်တီ ရရှိလာမှုနှင့်အတူ ပရိသတ်တစ်ဦးဟာလည်း မုတ်ဆိတ်မွှေးရိတ်လာနိုင်ပြီ ဖြစ်ပါတယ်။

အောက်စ်ဖို့ဒ်ယူနိုက်တက်ပရိသတ်ဟာ သူတို့အသင်း ပင်နယ်တီ မရမချင်း မုတ်ဆိတ်မရိတ်ဆိုပြီး နေလာခဲ့သူ ဖြစ်ပါတယ်။

Fred Big-Ox လို့ လူသိများတဲ့ ဂယ်ရီဟတ်ဆင်ဟာ အဝါရောင်ဆံပင်တု၊ အပြာရောင်မုတ်ဆိတ်မွှေးတို့ဖြင့် စိတ်ကျန်းမာရေးရန်ပုံငွေအဖွဲ့ The Joey Beauchamp Foundation အတွက် ရန်ပုံငွေမြှင့်တင်ရေးအတွက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စနေနေ့မှာတော့ ပင်နယ်တီမှ တဆင့် ကင်မရွန်းဘရန်နာဂန်က ဂိုးသွင်းယူလိုက်ပြီးချိန်မှာတော့ ဂယ်ရီဟတ်ဆင်ဟာလည်း ၆၇၅ ရက်တိုင်တိုင် မရိတ်ဘဲ ထားလာခဲ့တဲ့ မုတ်ဆိတ်မွှေးအား ရိတ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

image