ဘရာဇီးအသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံလာရတဲ့ တီယာဂိုနှင့်ရာယန်
===================
ဘရန့်ဖို့ဒ်တိုက်စစ်မှူးအိုင်ဂေါ်တီယာဂိုနှင့် ဘုန်းမောက်တောင်ပံကစားသမားရာယန်တို့ဟာ ယခုလနှောင်းပိုင်းတွင် ကစားမယ့် ပြင်သစ်၊ ခရိုအေးရှားတို့နှင့် ခြေစမ်းပွဲစဉ်များအတွက် ဘရာဇီးအသင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခြင်းခံလာရပါတယ်။

တီယာဂိုဟာ ၁၉ ဂိုးဖြင့် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်စာရင်းတွင် အာလင်းဟာလန်း (၂၂)အောက်တွင် ရပ်တည်နေပြီး ဘရန့်ဖို့ဒ်အား အဆင့် ၇ နေရာတွင် ရပ်တည်အောင် ကူညီထားပါတယ်။

အသက် ၂၄ နှစ်ရှိ တီယာဂိုဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကလပ်ဘရုဂျက်မှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၃ သန်းဖြင့် ပြောင်းလာပြီးနောက် ပထမဆုံးရာသီတွင် ဒဏ်ရာပြဿနာများ ကြုံရကာ ၈ ပွဲတည်းသာ ကစားနိုင်ခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

အသက် ၁၉ နှစ်ှရိ ရာယန်မှာ ဇန်နဝါရီလတုန်းက ဗာစကိုဒဂါးမားမှ ပေါင် ၂၄.၇ သန်းဖြင့် ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်ဂိုး ၂ ဂိုးသွင်းထားနိုင်ပါတယ်။

ဘရာဇီးဟာ မတ်လ ၂၆ ရက်နေ့တွင် ဘော်စတွန်တွင် ပြင်သစ်နှင့်လည်းကောင်း၊ မတ်လ ၃၁ ရက်နေ့တွင် အော်လန်ဒိုတွင် ခရိုအေးရှားနှင့်လည်းကောင်း ကစားလာပါမယ်။

ဒါ့အပြင် ဘရာဇီးနည်းပြအန်ဆယ်လော့တီဟာ နော့ဝှစ်ချ်တိုက်စစ်သမားဟောင်းဂါဘရီရယ်ဆာရာကိုလည်း ပထမဆုံးအကြိမ် ရွေးချယ်လာပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီဟာ အသက် ၃၄ နှစ်ရှိ စူပါစတားနေမာကို ရွေးချယ်လာခြင်း မရှိပါဘူး။

အသက် ၃၀ နှစ်ရှိ ဖလာမင်ဂိုဗဟိုနောက်ခံလူလီယိုပီရီရာမှာလည်း ဘရာဇီးအသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံလာသလို လိုင်ယွန်တွင် အငှားဖြင့် ကစားနေစဉ်အတွင်း ခြေစွမ်းပြနေတဲ့ အန်းဒရစ်မှာလည်း ဘရာဇီးအသင်းတွင် ပြန်လည် ရွေးချယ်ခံလာရပါတယ်။

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု(ဂ)တွင် မော်ရိုကို၊ ဟေတီ၊ စကော့တလန်တို့နှင့် တစ်အုပ်စုတည်း ကျနေပါတယ်။

ဘရာဇီးအသင်း လူစာရင်း
----------------------------------
ဂိုးသမား - အလစ်ဆင် (လီဗာပူး)၊ ဘန်တို(Al Nassr)၊ အီဒါဆင်(ဖီနာဘာချီ)။

နောက်တန်း - အဲလက်စ်ဆန်ဒရို (ဖလာမင်ဂို)၊ ဘရီမာ(ဂျူဗင်တပ်)၊ ဒါနီလို(ဖလာမင်ဂို)၊ ဒေါက်ကလပ်ဆန်းချက်ဇ်(ဇင်းနစ်)၊ ဂါဘရီရယ်(အာဆင်နယ်)၊ အီဘာနက်ဇ်(Al Ahli)၊ လီယိုပီရီရာ(ဖလာမင်ဂို)၊ မာကွင်ဟို့စ်(ပီအက်စ်ဂျီ)၊ ဝက်စ်လေ(ရိုးမား)။

အလယ်တန်း - အင်ဒရေဆန်းတို့စ်(ချဲလ်ဆီး)၊ ကက်စ်မီရို(ယူနိုက်တက်)၊ ဒါနီလို(ဘိုတာဖိုဂို)၊ ဖာဘင်ဟို(Al lttihad)၊ ဂါဘရီရယ်ဆာရာ(ဂါလာတာစာရေး)။

ရှေ့တန်း - အန်းဒရစ်(လိုင်ယွန်)၊ မာတင်နယ်လီ(အာဆင်နယ်)၊ အိုင်ဂေါ်တီယာဂို(ဘရန့်ဖို့ဒ်)၊ ဂျာအိုပီဒရို(ချဲလ်ဆီး)၊ လူးဝစ်ဇ်းဟင်းနရစ်(ဇင်းနစ်)၊ မားသီးယပ်စ်ကူညာ(ယူနိုက်တက်)၊ ရာဖင်ညာ(ဘာစီလိုနာ)၊ ရာယန်(ဘုန်းမောက်)၊ ဗီနီရှပ်စ်(ရီးရဲလ်မက်ဒရစ်)။

image