5 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန် မိုး/ဇလ နှိုးဆော်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည် နယ်အချို့တွင် မနက်ဖြန် မတ်လ (၁၇) ရက် ၊ နံနက်ပိုင်း၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် မိုး/ဇလက ယနေ့ ညနေပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြ ည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အ တူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု ဆိုထားသည်။

မိုးရွာသွန်းမည့် အခြေအနေအရ ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကာ ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း ဆိုသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄) ပေမှ (၆) ပေ ခန့် ရှိနိုင်ကြောင်း အသိပေးထားသည်။

image