5 ပတ် - ဘာသာပြန်ပါ။

မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကျင်းပ

ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကောင်းများရှိစေသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုများအား ပြည်သူများ နှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကောင်းများရှိစေသည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင့်ကာ ကာလတို ကာလလတ် အစီအမံများချမှတ်ဖိတ်ခေါ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနေပြီး တင်ပြလျှောက်ထားလာမှုနှင့် မြေပြင်တွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုများနှင့် ကိုက်ညီရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသည်။

ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည့်အတွက် ဈေးကွက်ဖွံဖြိုးရေး အသစ်ရရှိရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် အားလုံးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် ကပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းဝေးကိုလည်း ယမန်နေ့ ကကျင်းပခဲ့ပြီး တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မြှင့်လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကပြောကြားခဲ့ကြောင်း သိရသည်။

image