1 ပတ် - ဘာသာပြန်ပါ။

ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဆာဒေယိုမာနေးတို့ ပြန်ကစားနိုင်မယ့်ကာလကို Al Nassr အတည်ပြုလာ
====================
Al Nassr နည်းပြဂျော့ဂျီးဆပ်စ်ဟာ Al Khaleej အား ၅-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အသင်းရဲ့ စူပါစတား ကစားသမား ၂ ဦး ဘယ်တော့ ပြန်ကစားနိုင်မယ်ဆိုတာ အတည်ပြုလာပါတယ်။

Al Nassr ဟာ အသင်းရဲ့ စူပါစတား ၂ ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဆာဒေယိုမာနေးတို့ မပါဝင်ပေမယ့်လည်း Al Khaleej အား ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ကစားကာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ပွဲအပြီးတွင် ပေါ်တူဂီလူမျိုးနည်းပြက ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဆာဒေယိုမာနေးတို့မှာ လာမယ့် မတ်လနှောင်းပိုင်း နိုင်ငံတကာပွဲစဉ်များအပြီးတွင် Al Nassr အတွက် ကစားလာနိုင်တော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ဂျီးဆပ်စ်က "ရော်နယ်ဒိုနဲ့ မာနေးတို့ နိုင်ငံတကာပွဲအပြီးမှာ ကစားလာနိုင်ဖို့ ရှိတယ်။ လူတိုင်းသိထားပြီးဖြစ်တဲ့အတိုင်း သူတို့က ထိပ်တန်းကစားသမားတွေ ဖြစ်ကြတယ်။ သူတို့ ခေတ္တ နားနေရတာပါ။ မာနေးက လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်တုန်းက နာကျင်မှုခံစားရတယ်။ ဒါကြောင့် သူ့ကို အနားပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ သူလည်း နိုင်ငံတကာပွဲအပြီးမှာ ပြန်ကစားလာနိုင်မှာပါ"လို့ ပြောကြားသွားပါတယ်။

‌Al Nassr ဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမား ၂ ဦး ဒဏ်ရာကြောင့် အနားယူနေရပေမယ့်လည်း ဒုတိယနေရာမှ Al Hilal ကို ရမှတ် ၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။

ဆော်ဒီပရိုလိဂ်မှာ ယခုအခါ နိုင်ငံ့တကာပွဲစဉ်များအပြီးအထိ နားလိုက်ပြီ ဖြစ်ပြီး ဧပြီလအစောပိုင်းတွင်မှ ပြန်လည်စတင်လာပါမယ်။

Al Nassr ဟာ ဧပြီလ ၄ ရက်နေ့တွင် Al Najma အား ဧည့်ခံကစားရပါမယ်။

image