စပါးစ်အသင်းဝန်ထမ်းအား အန်းဆလော့အထင်ဖြင့် အန်ဖီးလ်တွင် မှားယွင်းနှုတ်ဆက်ခဲ့တဲ့ အိုင်ဂေါ်ကျူဒေါ်
=================
အိုင်ဂေါ်ကျူဒေါ်ဟာ လီဗာပူးနှင့်ပွဲစဉ်မတိုင်မီ အန်ဖီးလ်ကွင်းတွင် စပါးစ်ရဲ့ ကစားသမားဆက်ဆံရေးအရာရှိ အယ်လန်ဒီဇွန်အား အန်းဆလော့နှင့် မှားယွင်းနှုတ်ဆက်ခဲ့ကြောင်း တွေ့ရပါတယ်။

ယာယီနည်းပြဟာ ပွဲမတိုင်မီ ပြိုင်ဘက်အသင်းနည်းပြအန်းဆလော့နှင့် လက်ဆွဲနှုတ်ဆက်ရန် ရှာဖွေစဉ် ဒတ်ချ်နည်းပြကဲ့သို့ ကတုံးပြောင်တစ်ဦးဖြစ်တဲ့ ဒီဇွန်အား မှားယွင်းလက်ဆွဲနှုတ်ဆက်ခဲ့မိတာလည်း ဖြစ်ပါတယ်။

ကျူဒေါ်ဟာ နောက်မှ ရောက်လာပြီးနောက် ဒီဇွန်ရဲ့ ပုခုံးကို ပုတ်ပြီးနောက် ဖက်ကာ ပြုံးပြခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဇွန်ဟာ ပထမကြောင်နေခဲ့ပေမယ့် ကျူဒေါ်ရဲ့ ရင်ဘတ်ကို ပုတ်ကာ ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်။

ကျူဒေါ်ဟာ စပါးစ်ရဲ့ ကစားသမားဆက်ဆံရေးအရာရှိဒီဇွန်ကို အန်းဆလော့နှင့် မှားယွင်းလက်ဆွဲနှုတ်ဆက်ပြီးနောက် စပါးစ်အရန်ခုံသို့ ပြန်သွားခဲ့ပါတယ်။ ကျူဒေါ်ဟာ ပွဲမတိုင်မီ အန်းဆလော့နှင့် တွေ့ဆုံကာ လက်ဆွဲနှုတ်ဆက်နိုင်ခဲ့သေးတယ်။

ဒီဇွန်ဟာ စပါးစ်ရဲ့ ကစားသမားဆက်ဆံရေးအရာရှိတစ်ဦးဖြစ်ပြီး လူစားလဲလှယ်ရာတွင် စတုတ္ထဒိုင်လူကြီးနှင့် ဆက်သွယ်ရသလို ကစားသမားထုတ်ပယ်ခံရချိန်တွင်လည်း ကစားသမားများနှင့် စကားပြောရသူ ဖြစ်ပါတယ်။

မနေ့ညက ပွဲတွင် စပါးစ်ဟာ ဒိုမီနစ်ခ်ဆိုဘိုဆလိုင်းရဲ့ ဖရီးကစ်ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရပေမယ့်လည်း မိနစ် ၉၀ တွင် ရီချာလီဆင် သွင်းယူတဲ့ ချေပဂိုးကြောင့် အဖိုးတန် ရမှတ် တစ်မှတ် ရယူနိုင်ခဲ့ပါတယ်။

image