ပြည်သူ့လွှတ်တော် သဘာပတိ အဖြစ် ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်) ရွေးချယ်ခံရ
နေပြည်တော်၊ မတ်- ၁၆- ၂၀၂၆
ပြည်သူ့လွှတ်တော် သဘာပတိ အဖြစ်အမည်စာရင်း တင်သွင်းထားသူတွေဖြစ်တဲ့ ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်)နဲ့ စိုင်းစိန်ဝင်း (လဲချား မဲဆန္ဒနယ်) တို့ကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေက မဲပေးရွေးချယ်ကြရာ ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်) က ထောက်ခံမဲ ၃၄၈ မဲနဲ့ ထောက်ခံမှုအများဆုံးရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် သဘာပတိအဖြသ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒေါက်တာနန္ဒကျော်စွာ(ဒဂုံ မဲဆန္ဒနယ်)
ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇၃ မဲ
ထောက်ခံဆန္ဒမဲပေါင်း ၃၄၈ မဲ
ကန့်ကွက်ဆန္ဒမဲပေါင်း ၈ မဲ
ကြားနေဆန္ဒမဲပေါင်း ၁၁ မဲ
ဆန္ဒမဲအရေအတွက်စုစုပေါင်း - ၃၆၇ မဲ ရရှိခဲ့ပါတယ်။
စိုင်းစိန်ဝင်း (လဲချား မဲဆန္ဒနယ်)
ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇၃ မဲ
ထောက်ခံဆန္ဒမဲပေါင်း ၂၇ မဲ
ကန့်ကွက်ဆန္ဒမဲပေါင်း ၃၁၈ မဲ
ကြားနေဆန္ဒမဲပေါင်း ၂၁ မဲ
ဆန္ဒမဲအရေအတွက်စုစုပေါင်း - ၃၆၆ မဲ ရရှိခဲ့ပါတယ်။