တတိယအကြိမ် လွှတ်တော် ယနေ့စတင်နေ
တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်တက်လာသည့်မြင်ကွင်း
ယနေ့ မတ်လ (၁၆) ရက် နံနက်ပိုင်းတွင် နေပြည်တော်တွင် တတိယအကြိမ် လွှတ်တော် စတင်ကျင်းပနေပြီဖြစ်သည်။
အဆိုပါ လွှတ်တော်စတင်ကျင်းပရာ လွှတ်တော်အဆောက်အအုံသို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များရောက်ရှိနေရာယူလျက်ရှိပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိနေရာယူနေကြပြီဖြစ်သည်။