3 ရက် - ဘာသာပြန်ပါ။

ဆော်လော့ရဲ့ ဂွေးကို ညှစ်မှုကြောင့် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဂီတာဖေးနောက်ခံလူအက်ကွာ
===================
အက်သလက်တီကိုက ဂီတာဖေးအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဂီတာဖေးနောက်ခံလူအက်ဒယ်အက်ကွာဟာ အက်သလက်တီကိုတိုက်စစ်မှူးအလက်ဇန္ဒားဆော်လော့ရဲ့ ဂွေးကို ညှစ်ခဲ့မှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အဆိုပါပွဲစဉ်တွင် အိမ်ရှင် အက်သလက်တီကိုဟာ ပွဲအစ ၈ မိနစ်တွင် နာဟူရယ်မိုလီနာရဲ့ အဝေးကန်ချက်ဂိုးဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းအစ ၇ မိနစ်မှာတော့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဒိုင်လူကြီးမီဂွယ်အိန်ဂျယ်အော်တစ်ဇ်က ပွဲကို ရပ်ဆိုင်းခဲ့ပြီး VAR က အနီကတ်ပြသင့်/မသင့် စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

Estadio Metropolitano ကွင်းရှိ ကြီးမားတဲ့ Screen တွင် ပြသမှုအရ ကွင်းဘေး အချင်းများစဉ် အက်ကွာဟာ ဆော်လော့ရဲ့ ပေါင်ခြံကို ထိခဲ့တာ တွေ့ရပါတယ်။ နော်ဝေတိုက်စစ်မှူးကလည်း ပြိုင်ဘက်ကို မြေပြင်ပေါ်သို့ လဲကျအောင် တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

ကွင်းဘေးမော်နီတာတွင် စစ်ဆေးပြီးချိန်မှာတော့ ဒိုင်လူကြီးက အက်ကွာကို အနီကတ်ပြသခဲ့ပြီး ဆော်လော့ကိုလည်း အဝါကတ်ပြသခဲ့ပါတယ်။

အက်ကွာက "ဒီဧရိယာကို ထိဖို့ မရည်ရွယ်ပါဘူး။ ပွဲတိုင်း ဘောလုံးမှာ ထိနေကြတယ်၊ ထိခိုက်ကြတယ်၊ အရာအားလုံး ဖြစ်နေတယ်။ ဒါပေမယ့် သူ့ရဲ့ အဲဒီဧရိယာကို ထိမယ်လို့ မထင်ခဲ့ပါဘူး။ ဒိုင်လူကြီး ဘာမြင်လဲ မသိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ ရှင်းရှင်းလေး မြင်နိုင်တယ်။ သူ့ရဲ့ အဲဒီနေရာကို တမင်ရည်ရွယ်ပြီး ထိခဲ့တာ မဟုတ်ဘူးဆိုတာ ကျိန်ပြောရဲပါတယ်"လို့ ပြောကြားသွားပါတယ်။

image