1 ပတ် - ဘာသာပြန်ပါ။

ဘီဘီစီမှ ထုတ်ပယ်ခြင်းခံရ ဇနီးသည်နှင့်လမ်းခွဲခဲ့ရပြီးနောက် မိသားစုနေအိမ်ကို အရောင်းစာရင်းတင်လာတဲ့ ဂျာမိန်းဂျီးနပ်စ်
==================
ဂျာမိန်းဂျီးနပ်စ်ဟာ ဘီဘီစီမှ ထုတ်ပယ်ခြင်းခံရပြီး ဇနီးသည်နှင့်လမ်းခွဲလိုက်ပြီးနောက် မိသားစုနေအိမ်အား အရောင်းစာရင်း တင်လာပါတယ်။

အသက် ၄၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ဟာ လန်ဒန်မြောက်ပိုင်း ဘားနက်ရှိ အိပ်ခန်း ခြောက်ခန်းပါ နေအိမ်အား ပေါင် ၄.၉၅ သန်းဖြင့် အရောင်းစာရင်း တင်လာတာ ဖြစ်ပါတယ်။

အိမ်ခြံမြေရောင်းဝယ်ရေးအေဂျင်စီ ဝက်ဘ်ဆိုက်တွင် တင်ထားတဲ့ ဓာတ်ပုံများအရ ယင်းနေအိမ်တွင် ရေကူးကန်၊ အပူခံအခန်း၊ အားကစားခန်း၊ ရုပ်ရှင်ရုံ၊ ကစားကွင်းအခန်းတို့ ပါဝင်ကြောင်း တွေ့ရပါတယ်။

ဂျီးနပ်စ်ဟာ ယင်းနေအိမ်ကို ၂၀၀၆ ခုနှစ်တုန်းက ပေါင် ၂.၈ သန်းဖြင့် ဝယ်ယူပြီးနောက် ၁၄ နှစ်တိုင် ပေါင်းသင်းလာတဲ့ ဇနီးသည်အယ်လီ၊ သားသမီး ၃ ဦးတို့နှင့်အတူ နေထိုင်လာခဲ့တာပါ။

ဂျီးနပ်စ်ဟာ ၂၀၂၄ ခုနှစ်တွင် ဘီဘီစီမှ ထုတ်ပယ်ခြင်းခံရပြီးနောက် တစ်နှစ်အကြာ ၂၀၂၅ ခုနှစ် မတ်လတွင် အိမ်ထောင်ရေးပြတ်စဲခဲ့ပါတယ်။

ဂျီးနပ်စ်ဟာ ဘီဘီစီတွင် တစ်နှစ်လုပ်ခ ပေါင် ၁၉၀၀၀၀ ရရှိလာခဲ့ပေမယ့် လုပ်ငန်းခွင်တွင် အမျိုးသမီးများအား အနှောင့်အယှက်ပေးကြောင်း တိုင်ကြားခြင်းခံရပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ယင်းအမှားအတွက် ဇနီးသည်အား တောင်းပန်ခဲ့ပေမယ့် လိင်ပိုင်းဆိုင်ရာ အပြုအမူမဟုတ်ကြောင်း ငြင်းဆိုသွားပါတယ်။

image