အင်္ဂလန်အသင်း ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်စွဲမယ်လို့ AI ဟောကိန်းထုတ်လာ
===================
ကမ္ဘာ့ထိပ်တန်း ဘောလုံး AI က အင်္ဂလန်အသင်း ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာမယ်လို့ ဟောကိန်းထုတ်လာပါတယ်။
AI ဟာ အသင်းတိုင်းမှ ကစားသမားများ၊ အသင်းများ၊ ပွဲများရဲ့အချက်အလက်ရာပေါင်းများစွာတို့ကို ဆန်းစစ်လေ့လာမှု ပြုလုပ်ကာ ရလဒ်အား ဟောကိန်းထုတ်လာတာလည်း ဖြစ်ပါတယ်။
AI ဟာ ယင်းသို့ ဆန်းစစ်လေ့လာမှုများ ပြုလုပ်ပြီးနောက် အင်္ဂလန်အသင်းအား နှစ်ပေါင်း ၆၀ ကြာ နာကျင်လာရမှုအားအဆုံးသတ်လာနိုင်တော့မယ်လို့ ဆိုသွားပါတယ်။
စူပါကွန်ပျူတာက အင်္ဂလန်အသင်းမှာ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ခရိုအေးရှားနှင့်ပွဲတွင် ၁ ဂိုးစီသရေကျလာမှာ ဖြစ်ပေမယ့် ဂါနာကို ၂-၀ ဖြင့်လည်းကောင်း၊ ပနားမားကို ၆-၀ ဖြင့်လည်းကောင်း အနိုင်ယူကာ ၃၂ သင်းအဆင့်သို့ တက်မယ်လို့ ဆိုထားပါတယ်။
ယင်းနောက် အင်္ဂလန်ဟာ ၃၂ သင်းအဆင့်တွင် ဆီနီဂေါကို ၁-၀ ဖြင့်လည်းကောင်း၊ ကွာတားဖိုင်နယ်တွင် စကော့တလန်ကို ၂-၁ ဖြင့်လည်းကောင်း၊ ကွာတားဖိုင်နယ်တွင် နော်ဝေကို ၁-၀ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လာပါမယ်။
အင်္ဂလန်ဟာ ဆီမီးဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ အာဂျင်တီးနားကို ၂-၀ ဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်လာပါမယ်။
ဗိုလ်လုပွဲမှာတော့ အင်္ဂလန်ဟာ ယူရိုချန်ပီယံ စပိန်ကို ၁-၀ ဖြင် အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားအား ဆွတ်ခူးလာမယ်လို့ AI က ဆိုထားပါတယ်။