ဇေကမ္ဘာစက်မှုဇုန်ရှိ အဆောက်အအုံတစ်လုံးတွင် Level 2 အဆင့်မီးလေ-ာင်မှုဖြစ်ပွားနေ
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်ရှိ အဆောက်အအုံတစ်လုံးတွင် ယနေ့ မတ် ၁၄ ရက်ည ၈ နာရီ ၂၀ မိနစ်ခန့်မှစတင်ကာ မီးလေ-ာင်မှုဖြစ်ပွားလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်(၁၀)လမ်းရှိ အ ဆောက်အအုံတစ်လုံးတွင် မီးလေ-ာင်မှုဖြစ်ပွား၍ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ထိစပ်မြို့နယ်မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
မီးလေ-ာင်မှုအား ည ၈ နာရီ ၃၂ မိနစ်၌ Level 1 အဆင့် ည ၈ နာရီ ၃၄ မိနစ်တွင် Level 2 အဆင့်တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
" မီးလောင်အားကအရမ်းများပါတယ်။ လတ်တလောအကြမ်းဖျဥ်းသိထားရသလောက်ကတော့ အချိုရည်တွေထားတဲ့အဆောက်အအုံဆိုတာဘဲ သိထားပါတယ်။ အတိအကျကိုတော့ မီးငြိမ်းဖို့ကိုအရင်လုပ်နေရတဲ့အ တွက်မပြောနိုင်သေးပါဘူး။ အခု ငြှိမ်းနေပါတယ်"ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။