ဟင်္သာတခရိုင်တွင် "ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များအကြောင်း´´ သင်တန်းပို့ချ
ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ "ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များအကြောင်း"နှင့်"ရာသီဥတုနှင့် လိုက်လျောညီထွေစွာ နေထိုင်နည်း"သင်တန်းကို မတ်လ ၁၄ ရက်က ပို့ချခဲ့ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မတ်လ ၁၄ ရက်က ကျင်းပသော လူငယ်ဘက်စုံဖွံဖြိုးရေးသင်တန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ သင်တန်းလာရောက်ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းမှ သင်တန်း ပထမအချိန်တွင် "ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များအကြောင်း”နှင့် သင်တန်းဒုတိယအချိန်တွင်"ရာသီဥတုနှင့်လိုက်လျောညီထွေစွာ နေထိုင်နည်း" ခေါင်းစဉ်တို့ဖြင့် သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦးတို့အား အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။