13 နာရီ - ဘာသာပြန်ပါ။

ရွှေဆိုင်များ လက်ဝတ်ရတနာအလျော့တွက်လက်ခ အသစ်သတ်မှတ်မှု ထုတ်ပြန်

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေဆိုင်များတွင် လက်ဝတ်ရတနာပြုလုပ်ရာ၌ ကောက်ခံမည့် အလျော့တွက်လက်ခနှုန်းထားများကို အသစ်သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်အရ ရွှေ၊ ရွှေကြမ်းနှင့် လက်ဝတ်ရတနာပစ္စည်းများ၏ အလျော့တွက်နှုန်းထားများအား စိစစ်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရွှေဆိုင်များလိုက်နာရမည့် သတ်မှတ်ချက်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ရွှေဆွဲသီး၊ ရွှေနားကပ်၊ ရွှေကလစ်၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးနှင့် ရွှေဟန်ချိန်း/ဖုချိန်း စသည့် လက်ဝတ်ရတနာအမျိုးအစားများကို ခွဲခြား၍ အမျိုးအစားအလိုက် အလျော့တွက်လက်ခနှုန်းထားများ သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

သတ်မှတ်ချက်အရ ရွှေဆွဲသီး ၂ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၁ ပဲ ၁ ရွေး သတ်မှတ်ထားပြီး ၄ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၂ ပဲ သတ်မှတ်ထားကြောင်း သိရသည်။ ထိုသို့သတ်မှတ်ထားမှုကြောင့် လက်ဝတ်ရတနာပြုလုပ်သည့်အခါ ပစ္စည်းတန်ဖိုး၏ ထက်ဝက်နီးပါးအထိ အလျော့တွက်လက်ခ ပေးရနိုင်ကြောင်း သိရသည်။

ထို့အပြင် ရွှေဆွဲကြိုး ၄ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၂ ပဲ သတ်မှတ်ထားပြီး တစ်ကျပ်သားတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၅ ပဲ ၆ ရွေး သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းကြောင့် ရွှေဆွဲကြိုး တစ်ကျပ်သားပြုလုပ်ပါက တစ်မတ်ခွဲသားနီးပါးခန့် အလျော့တွက်လက်ခ ပေးရနိုင်ကြောင်း သိရသည်။

image