သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပင့်ဆောင်
ဧရာဝတီတိုင်းအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ နောက်ပါသံဃာတော်များနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများအား မတ် ၁၂ ရက်ညနေပိုင်းက ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ပေးရာ၌ လိုက်ပါတော်မူခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ပို့ဆောင်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှ သံဃာတော်များလမ်းခရီးအဆင်ပြေစေရေး၊ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်စေရေး၊ ဆွမ်းနှင့်ဝေယျာဝစ္စကိစ္စရပ်များလစ်ဟင်းမှုမရှိစေရေး၊ ဆရာတော်ကြီးများ စေတီတော်မြတ်ကြီးကို စိတ်အေးချမ်းသာယာစွာဖူးမြော်ကြည်ညိုသဒ္ဒါပွားများနိုင်စေရေးနှင့် လိုအပ်သည်များကိုဆောင်ရွက်ပေးရန် တာဝန်ရှိသူများကိုမှာကြားခဲ့ကြောင်း သိရသည်။