5 ပတ် - ဘာသာပြန်ပါ။

၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာ ဆွတ်ခူးလာ
====================
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ လေးနှစ်ကြာ ဝေးကွာလာခဲ့တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုအား ဖေဖော်ဝါရီလအတွက် ဆွတ်ခူးလာခဲ့ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီများအတွင်း ဆုဖလားများ အောင်မြင်မှုများ ရရှိလာခဲ့ပေမယ့်လည်း ဂွါဒီယိုလာကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးလာခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် ဂွါဒီယိုလာဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးလာပါတယ်။

ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုအား လေးနှစ်တိုင် ဝေးကွာလာခဲ့ပေမယ့်လည်း ယခုအခါ ၁၂ ကြိမ်မြောက် ဆွတ်ခူးလာပြီလည်း ဖြစ်ပါတယ်။

သူဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုအား ဆာအဲလက်စ်ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့နောက် တတိယအများဆုံးဆွတ်ခူးထားသူ အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ဖေဖော်ဝါရီလအစောပိုင်းတွင် စပါးစ်နှင့် သရေကျခဲ့ပေမယ့်လည်း လီဗာပူး၊ ဖူလ်ဟမ်၊ နယူးကာဆယ်၊ လိဒ်တို့အား အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

သူဟာ ကိတ်အင်ဒရူး(ဘရန့်ဖို့ဒ်)၊ မိုက်ကယ်ကာရစ်(ယူနိုက်တက်)၊ အန်းဆလော့(လီဗာပူး)တို့အား ကျော်ဖြတ်ကာ ဆွတ်ခူးလာခဲ့တာပါ။

ဒါ့အပြင် မန်စီးတီးစတားအန်တိုနီဆီမန်ယိုကလည်း ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးသွားခဲ့ပါတယ်။

image