ဗီလာတွင် နိုင်ပွဲ ၁၀၀ အမြန်ဆုံးရယူသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာတဲ့ ယူရိုပါလိဂ်စပါယ်ရှယ်လစ်အူနိုင်းအမ်မရီ
=====================
အူနိုင်းအမ်မရီဟာ ယူရိုလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့တွင် လိုင်လီအား အနိုင်ရရှိပြီးနောက် ဗီလာသမိုင်းတွင် နိုင်ပွဲ ၁၀၀ အမြန်ဆုံးရရှိတဲ့ နည်းပြ ၃ ဦးစာရင်းတွင် ပါဝင်လာပါတယ်။
စပိန်လူမျိုးနည်းပြဟာ ယူရိုလိဂ် ၄ ကြိမ်ဆွတ်ခူးထားသူ ဖြစ်ပြီး ဗီလာနှင့်အတူ ၅ ကြိမ်မြောက် ဆွတ်ခူးရန် ရည်မှန်းနေသူလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်အောက်တိုဘာလတွင် အသက် ၅၄ နှစ်ရှိ အမ်မရီဟာ နိုင်ပွဲ ရာခိုင်နှုန်း ၅၅.၂ ဖြင့် အနိုင်ရာခိုင်နှန်းအများဆုံးနည်းပြအဖြစ် ဗီလာတွင် မှတ်တမ်းရေးထိုးထားသလို သူ ဗီလာတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း သူ့ထက် ရလဒ်ကောင်း ရရှိတဲ့ ပရီးမီးယားလိဂ်နည်းပြ ၂ ဦးတည်းသာ ရှိပါတယ်။
ယင်းနည်းပြတွေကတော့ ပက်ဂွါဒီယိုလာ(၁၃၇ ပွဲ)နှင့် မီခေးလ်အာတီတာ (၁၁၈ ပွဲ)တို့ ဖြစ်ပါတယ်။
အူနိုင်းအမ်မရီဟာ လိုင်လီအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဗီလာကို ၁၈၁ ပွဲမြောက်ပွဲအဖြစ် ကိုင်တွယ်လာတာ ဖြစ်ပြီး ပွဲရာနှုန်းအမြန်ဆုံး ရရှိသူအဖြစ် ဗီလာသမိုင်းတွင် မှတ်တိုင်စိုက်ထူလာတာပါ။
သူ့မတိုင်ခင် ဗီလာသမိုင်းတွင် အမြန်ဆုံးရာပြည့်နိုင်ပွဲ ရရှိတဲ့ နည်းပြအဖြစ် ရွန်ဆောင်းဒါးက ၁၉၇၇-၇၈ ရာသီတွင် စတုတ္ထမြောက်ရာသီကိုင်တွယ်ပြီး မှတ်တမ်းရေးထိုးခဲ့တာပါ။
ဆောင်းဒါးဟာ ဗီလာကို ဒုတိယတန်းမှ တန်းတက်အောင် စွမ်းဆောင်ခဲ့သလို ၁၉၈၀-၈၁ ရာသီမှာ ၇၁ နှစ်အတွင်း ပထမဆုံးအဆင့်မြင့်တန်းဖလားအဖြစ် ၁၉၈၀-၈၁ ရာသီမှာ ရယူပေးခဲ့သလို လိဂ်ဖလားလည်း ၂ ကြိမ် ရယူပေးခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ၁၉၈၁-၈၁ ရာသီမှာ ဥရောပဖလားလည်း ရယူပေးနိုင်ခဲ့ပါတယ်။
ဗီလာသမိုင်းတွင် နောက်ထပ် နိုင်ပွဲ ရာပြည့်အမြန်ဆုံး ရယူနိုင်ခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းရေးထိုးထားသူက ဂျိုးမာစာ ဖြစ်ပါတယ်။ သူဟာ ဗီလာကို ၁၉၅၈ မှ ၁၉၆၄ ခုနှစ်တွေအတွင်း ကိုင်တွယ်စဉ်အတွင်း နိုင်ပွဲ ၁၀၀ ရယူနိုင်ဖို့ လေးနှစ်ခွဲ အချိန်ယူခဲ့ရပါတယ်။
ဒါ့အပြင် ဂျော့ရမ်ဆေး(၁၈၈၄-၁၉၂၆)မှာ ဗီလာတွင် နိုင်ပွဲ ၁၀၀ ရရှိရေး ပွဲ ၁၉၀ ကိုင်တွယ်ခဲ့ရသလို ဒဗလျူဂျေစမစ်(၁၉၂၆-၃၄)မှာလည်း နိုင်ပွဲ ၁၀၀ ရယူဖို့ ၂၀၅ ပွဲအထိ ကိုင်တွယ်ခဲ့ရပါတယ်။
ဒါပေမယ့် အူနိုင်းအမ်မရီကတော့ ဗီလာတွင် နိုင်ပွဲ ရာပြည့် ရယူနိုင်ရန်အတွက် ၃ နှစ်နှင့် ၄ လတည်းသာ အချိန်ယူခဲ့ရပါတယ်။