အီရန်အသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ရန် မသင့်လျော်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြားလာ
=======================
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်လက်ရွေးစင်အသင်းအား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ကြိုဆိုကြောင်း၊ သို့ရာတွင် ၎င်းတို့မှာ ကိုယ့်အသက်နှင့် လုံခြုံရေးအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်သင့်တော်တယ်လို့ မယုံကြည်ကြောင်း ပြောကြားလာပါတယ်။

အီရန်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးအာမက်ဒွန်ယာမာလီက အီရန်အသင်းမှာ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်လာမည်မဟုတ်ကြောင်း ပြောကြားထားပါတယ်။

အီရန်ဟာ ဇွန်လ ၁၅ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် အယ်လ်အေတွင် နယူးဇီလန်၊ ဘယ်လ်ဂျီယံတို့နှင့် ကစားရမှာ ဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့တွင် ဆက်တယ်တွင် အီဂျစ်နှင့် ကစားရပါမယ်။

ဒါပေမယ့် အီရန်အသင်းရဲ့ ကမ္ဘာ့ဖလားပါဝင်ယှဉ်ပြိုင်ရေးမှာ အမေရိကန်နှင့် အစ္စရေးတို့ရဲ့ ပူးပေါင်းစစ်ဆင်နွဲမှုဖြင့် နိုင်ငံခေါင်းဆောင်ခါမေနီ သေဆုံးသွားပြီးနောက် မရေမရာ ဖြစ်လာနေပါတယ်။

အီရန်ကလည်း ခါမေနီအား လုပ်ကြံသတ်ဖြတ်မှုကို အမေရိကန်စစ်တပ်အခြေစိုက်ရာ ဘာရိန်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီးတို့အား ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ကာ တုံ့ပြန်မှုများပြုလုပ်နေပါတယ်။

ဒေါ်နယ်ထရမ့်က "အီရန်လက်ရွေးစင်ဘောလုံးအသင်းကို ကမ္ဘာ့ဖလားက ကြိုဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ရဲ့ အသက်နဲ့ လုံခြုံရေးအတွက် ပါဝင်သင့်တယ်လို့ မထင်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ယခုအခါအပတ်အစောပိုင်းတုန်းက ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုက ထရမ့်က အီရန်အသင်းကို ကြိုဆိုသွားမယ်လို့ သူ့ကို ပြောကြားထားကြောင်း ပြောကြားခဲ့ပါတယ်။

တဖက်တွင် တကယ်လို့များ အီရန်သာ ၄ ကြိမ်ဆက် ကမ္ဘာ့ဖလားပြိုင်ပွဲ မယှဉ်ပြိင်ဘဲ နတ်ထွက်လာပါက ဖီဖာအနေဖြင့် အစားထိုးယှဉ်ပြိုင်ခွင့်ပေးရမယ့်အသင်းကို ရွေးချယ်ရပါမယ်။

image