ဘောကောက်လူငယ်အား တွန်းခဲ့တဲ့ နီတိုရဲ့ ဖြစ်ရပ်ကို ယူအီးအက်ဖ်အေစုံစမ်းစစ်ဆေးလာ
====================
ယူအီးအက်ဖ်အေဟာ ပီအက်စ်ဂျီအား ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် ဘောကောက်လူငယ်အား တွန်းခဲ့တဲ့ ချဲလ်ဆီးစတားပီဒရိုနီတိုရဲ့ လုပ်ရပ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
အသက် ၂၆ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ဟာ Parc des Princes တွင် ပီအက်စ်ဂျီအား ၅-၂ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်ရဲ့ အချိန်ပိုတွင် လူငယ်လေးအား တွန်းခဲ့တာ ဖြစ်ပြီး လူငယ်လေးမှာ ထိုင်ခုံပေါ်သို့ လဲကျသွားခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကြောင့် နှစ်ဖက်ကစားသမားများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ယခုအခါ ယူအီးအက်ဖ်အေက နီတိုအား အားကစားသမားမပီသတဲ့ အပြုအမူအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
နီတိုဟာ အဆိုပါပွဲအပြီးတွင် ဘောကောက်လူငယ်လေးထံသို့ သွားရောက်ပြီး တောင်းပန်ခဲ့သလို အင်္ကျီလက်ဆောင်လည်း ပေးခဲ့ပါသေးတယ်။
ဒါ့အပြင် ပေါ်တူဂီစတားဟာ ပွဲအပြီး သတင်းစာရှင်းလင်းပွဲသို့လည်း တက်ရောက်ကာ ယင်းဖြစ်ရပ်အတွက် လူသိရှင်ကြား တောင်းပန်မှုလည်း ပြုလုပ်ခဲ့ပါတယ်။