အလီရှာလေမန်းနှင့် ၄ နှစ်ကြာ လက်တွဲကာ လမ်းခွဲပြီးနောက် အာဆင်နယ်ဂန္ထဝင်ရဲ့ အသက် ၁၉ နှစ်အရွယ် သမီးနှင့် တွဲနေတဲ့ ဒေါက်ကလပ်လူးဝစ်ဇ်
=================
အက်စတွန်ဗီလာအလယ်တန်းကစားသမားဒေါက်ကလပ်လူးဝစ်ဇ်ဟာ ဆွဲဆောင်မှုအရှိဆုံးဘောလုံးမယ် အလီရှာလေမန်းနှင့် လမ်းခွဲလိုက်ပြီးနောက် ဆယ်ကျော်သက် ဘရာဇီးမော်ဒယ်နှင့် Influencer နှင့် လက်တွဲလာပါတယ်။

အသက် ၂၇ နှစ်ရှိ လက်စတာစတားလေမန်းဟာ ဒေါက်ကလပ်လူးဝစ်ဇ်နှင့် လမ်းခွဲလိုက်ပြီးနောက် ဇန်နဝါရီလတုန်းက ဆီမီပရိုဘောလုံးသမားဖြစ်တဲ့အပြင် Love Island စတားမွန်တဲလ်မက္ကင်ဇီနှင့် လက်တွဲလာကြောင်း ကြေညာခဲ့ပါတယ်။

ယခုအခါ ဒေါက်ကလပ်လူးဝစ်ဇ်ကလည်း အသက် ၁၉ နှစ်အရွယ် လန်ဒန်အခြေစိုက် အလှမယ်ဒူဒါဂက်စ်ပါနှင့် လက်တွဲလိုက်ပြီ ဖြစ်ပါတယ်။

ဒူဒါက အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်းအီဒူးရဲ့ သမီး ဖြစ်ပါတယ်။ အီဒူးဟာ ဘရာဇီးလက်ရွေးစင်အသင်းတွင် ကစားခဲ့သလို အာဆင်နယ်၊ ကိုရင်သီယန်၊ ဗလင်စီယာတို့တွင် ကစားခဲ့ပါတယ်။

သူဟာ အာဆင်နယ်တွင် အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သလို နော်တင်ဟမ်ဖောရက်စ်တွင်လည်း တစ်ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူပါ။

လူးဝစ်ဇ်ရဲ့ ချစ်သူသစ်က လူးဝစ်ဇ်နှင့် တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် 'You are my greatest certainty' ရေးသားကာ ပို့စ်တင်ပြီး ကြေညာလာပါတယ်။

လက်ရှိအချိန်တွင် သူတို့နှစ်ဦး ချစ်ကြိုက်လာတာ ဘယ်လောက် ကြာမြင့်ပြီလဲဆိုတာ မသိရသေးပါဘူး။

လူးဝစ်ဇ်ဟာ ယခုရာသီတွင် ဂျူဗင်တပ်မှ နော်တင်ဟမ်ဖောရက်စ်သို့ အငှားဖြင့် လာရောက်ကစားနေစဉ်အတွင်း ဒူဒါနှင့် တွေ့ဆုံ ချစ်ကြိုက်လာတာလို့ ယုံကြည်ရပါတယ်။

ဒူဒါဟာ ဖခင်ဖြစ်သူ နော်တင်ဟမ်ဖောရက်စ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပေမယ့်လည်း လန်ဒန်တွင်ပင် အထိုင်ချနေထိုင်နေသူ ဖြစ်ပါတယ်။

တဖက်တွင် ဘရာဇီးကလပ်ကိုရင်သီယန်ဟာ အီဒူးအား အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရေး ဆွေးနွေးနေကြောင်းလည်း သတင်းထွက်နေပါတယ်။

image