4 ရက် - ဘာသာပြန်ပါ။

ရိုက်စ်ကို စာချုပ်သစ်ချုပ်ဆိုရေး အာဆင်နယ် ဆွေးနွေးလာ
====================
အာဆင်နယ်ဟာ ဒီကလန်ရိုက်စ်အား စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလာပါတယ်။

ရိုက်စ်ဟာ အာဆင်နယ်နှင့် ၂ နှစ်စာချုပ်သက်တမ်းကျန်နေသေးသူ ဖြစ်ပြီး ၁၂ လသက်တမ်းတိုးနိုင်မယ့်အချက် ပါဝင်ပါတယ်။

ဒါပေမယ့် အာဆင်နယ်ဟာ ဒီကလန်ရိုက်စ်အား အသင်းရဲ့ ရေရှည်စီမံကိန်းတွင် အရေးပါတဲ့ သူအဖြစ် ထည့်သွင်းထားရာ အသင်းတွင် ကာလရှည်ကြာ ရှိစေလိုနေပါတယ်။

ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်ဆိုလာပါက ကလပ်ရဲ့ လုပ်ခအများဆုံးရ ကစားသမားများထဲမှ တစ်ဦးဖြစ်လာပါမယ်။

ဘူကာယိုဆာကာဟာ မကြာသေးမီတုန်းက အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက် တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းအထိ ရရှိလာပါတယ်။ ဒီကလန်ရိုက်စ်ဟာ လက်ရှိအချိန်တွင် တစ်ပတ်လုပ်ခ ပေါင် ၂၄၀၀၀၀ သာ ရနေတာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုလာပါက ဆာကာကဲ့သို့ ပေါင် ၃ သိန်းအထိ ရရှိလာမယ်လို့ ယုံကြည်ရပါတယ်။

လက်ရှိအချိန်တွင် ဒီကလန်ရိုက်စ်နှင့် အာဆင်နယ်အကြား စာချုပ်သစ်ကိစ္စဆွေးနွေးမှုမှာ အစောပိုင်းအဆင့်တွင်သာ ရှိနေသေးပြီး များစွာ ဆွေးနွေးမှုများ ပြုလုပ်ရပါဦးမယ်။

ရိုက်စ်ဟာ ၂၀၂၃ ခုနှစ်တွင် ဝက်စ်ဟမ်းမှ ပေါင် ၁၀၃ သန်းဖြင့် ပြောင်းလာပြီးနောက် အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲ ၁၀၂ ပွဲ ကစားထားကာ ဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရိုက်စ်မတိုင်မီ ဆာကာ၊ ဆာလီဘာ၊ ဂါဘရီရယ်၊ မိုင်လက်စ်လီဝစ်စကယ်လီ၊ နသန်နဝမ်နရီတို့အား စာချုပ်သစ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ဒေးဗစ်ရာယာနှင့် လီယန်ဒရိုထရိုဆတ်တို့ကိုလည်း လုပ်ခတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုထားပါတယ်။

image