တရုတ်နိုင်ငံက စမ်းသပ်ဂြိုဟ်တုအသစ် နှစ်စင်း လွှတ်တင်

စီချန်း၊ မတ်လ ၁၃ ရက်

တရုတ်နိုင်ငံသည် စီချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှတစ်ဆင့် စမ်းသပ်ဂြိုဟ်တုအသစ် နှစ်စင်းကို သောကြာနေ့တွင် အာကာသသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

စီယမ်-၃၀ ၀၃နှင့် ၀၄ ဟု အမည်ပေးထားသော အဆိုပါ စမ်းသပ်ဂြိုဟ်တုများကို ပေကျင်းစံတော်ချိန် နံနက် ၀၆၃၃ နာရီတွင် လောင်းမတ်-၂ဒီ သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသော ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

အဆိုပါ ဂြိုဟ်တုများကို အဓိကအားဖြင့် ကမ္ဘာမြေလေ့လာရေး နည်းပညာများ ကို လက်တွေ့စမ်းသပ် စစ်ဆေးရန်အတွက် အသုံးပြုသွားမည် ဖြစ်သည်။

ယခုအကြိမ် လွှတ်တင်မှုသည် လောင်းမတ် ဒုံးပျံစီးရီးများ၏ ၆၃၂ ကြိမ်မြောက် ပျံသန်းမှုမစ်ရှင်လည်း ဖြစ်ကြောင်း သိရသည်။

Ref: ရှင်ဟွာ

image