4 ရက် - ဘာသာပြန်ပါ။

ကုန်သင်္ဘောကို တိုက်ခိုက်မှုအတွက် ထိုင်းက အီရန်ကို ရှုတ်ချ

ဟော်မုဇ်ရေလက်ကြားတွင် ထိုင်းအလံလွှင့် ကုန်တင်သင်္ဘောတိုက်ခိုက်ခံခဲ့ရမှုအတွက် ကြာသပတေးနေ့တွင် ထိုင်းက ရှုတ်ချခဲ့ပြီး အီရန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။ အာဏာပိုင်များသည် သင်္ဘောပျ-က်ပေါ်တွင် ပိတ်မိနေဆဲဖြစ်သည့် သင်္ဘောသားသုံးဦးကို ကယ်တင်နိုင်ရန် အပူတပြင်းလုပ်ဆောင်လျက်ရှိသည်။

ကုန်တင်မထားသော မယူရီးနရီကုန်သင်္ဘောသည် ဗုဒ္ဓဟူးနေ့က မဟာဗျူဟာမြောက်ရေလမ်းကြောင်းကို ဖြတ်သန်းစဉ် အီရန်ဒုံးကျည်များ ထိမှန်ခဲ့သည်။ သင်္ဘောပေါ်ရှိ သင်္ဘောသား ၂၃ ဦးအနက် ၂၀ ဦးသည် အသက်ကယ်လှေဖြင့် သင်္ဘောကို စွန့်ခွာခဲ့ပြီးနောက် ၎င်းတို့ကို အိုမန်ရေတပ်က ကယ်ဆယ်ထားခဲ့သည်။

သင်္ဘောသည် ဒုံးကျည်ထိမှန် မီးလောင်ခဲ့ကြောင်း ပျောက်ဆုံးနေသော သင်္ဘောသား သုံးဦးသည် ပဲ့ပိုင်းရှိ အင်ဂျင်ခန်းတွင် ပိတ်မိနေခဲ့ကြောင်း သင်္ဘောပိုင်ရှင်ဖြစ်သည့် ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် ပရက်ရှပ်ရှစ်ပင်း ပီအယ်လ်စီက ပြောကြားခဲ့သည်။

မတ်စကတ်ရှိ ထိုင်းသံတမန်များသည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အိုမန်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပါနီဒန်း ပါချင်မ်ဆဝပ်က ပြောကြားခဲ့သည်။

ထိုင်းသင်္ဘောအားလုံးသည် ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် ကုန်သွယ်ရေးသင်္ဘောများအပေါ် အကြမ်းဖက်မှုအတွက် ဘန်ကောက်က ကန့်ကွက်ခဲ့ကြောင်း မစ္စတာ ပါနီဒန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

အစ္စရေးနှင့် အမေရိကတို့၏ တိုက်ခိုက်မှုများမှ အစပြုကာ အီရန်၏ နောက်ဆက်တွဲ လက်တုန့်ပြန်မှုများကြောင့် ဖြစ်ပေါ်လာသော အရှေ့အလယ်ပိုင်းရှိ ဆိုးရွားသောအခြေအနေအပေါ်ထိုင်းနိုင်ငံက အလွန်စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် ဒေသတွင်းနှင့် ပြင်ပတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာစေနိုင်ကြောင်း သတိပေးခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

image