JLPT စာမေးပွဲရလဒ်များ မတ်လ ၁၆ မှ စတင်ထုတ်ယူနိုင်မည်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြေဆိုခဲ့သည့် ဂျပန်ဘာသာအရည်အချင်းစစ် JLPT (Japanese Language Proficiency Test) စာမေးပွဲရလဒ်များကို လာမည့် မတ်လ ၁၆ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းသင်း (MAJA) မှ သိရသည်။

သင်တန်းကျောင်းများအနေဖြင့် အဆိုပါစာမေးပွဲရလဒ်များကို ကျောင်းသားများအတွက် စုပေါင်းထုတ်ယူလိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူများကို ပြည့်စုံစွာ ယူဆောင်လာရမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်စာဖြေဌာနတွင် လျှောက်ထားဖြေဆိုခဲ့သူများအနေဖြင့် စာမေးပွဲရလဒ်များကို မတ်လ ၁၆ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပိတ်ရက်မရှိ ထုတ်ယူနိုင်မည်ဖြစ်သည်။

မတ်လ ၂၂ ရက်နေ့နောက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ JLPT Center တွင် ဆက်လက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မန္တလေးစာဖြေဌာနတွင် လျှောက်ထားဖြေဆိုခဲ့သူများအနေဖြင့် စာမေးပွဲရလဒ်များကို မတ်လ ၁၆ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ MAJA Office (Mandalay Branch) တွင် ပိတ်ရက်မရှိ ထုတ်ယူနိုင်မည်ဖြစ်ပြီး မတ်လ ၂၂ ရက်နေ့နောက်ပိုင်းတွင် တနင်္လာနေ့မှ သောကြာနေ့အတွင်းသာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

image