မနက်ဖြန် စတင်ကျင်းပမည့် မြန်မာပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကြီးတွင် ပါဝင်မည့် အမျိုးသားကစားသမားအမည် စာရင်းများ ထုတ်ပြန်
မနက်ဖြန် မတ်လ(၁၄)ရက်တွင် စတင်ကျင်းပပြုလုပ်တော့မည့် မြန်မာပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကြီး၌ ပါဝင်မည့် အ မျိုးသားကစားသမား၏ အသင်းအလိုက် အမည်စာရင်းများကို ထုတ်ပြန်လာပြီဖြစ်သည်။
အဆိုပါ အသင်းအလိုက်အမည် စာရင်းများထုတ်ပြန်ရာတွ င် ပါဝင်ယှဉ်ပြိုင်မည့် Adorkhorse အသင်း၊ CK ကလပ်အသင်း၊ USL အသင်းနှင့် Youth Camp အသင်းတို့ ပါဝင်လာသည်။
ပြိုင်ပွဲကို မနက်ဖြန် မတ်လ(၁၄)ရက် ၊ မနက် (၁၀) နာရီမှစ တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပွဲစဉ်များကို Skynet You Tube Channel မှ တိုက်ရိုက်ထုတ်လွင့်ပြသသွားမည်ဖြစ်ကာ ကွင်းအတွင်းလာရောက်ကြည်ရှုလိုသည့် ပရိတ်သတ်များကို အခမဲ့သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာ့ပထမဆုံး ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကြီးကို မြန်မာ နိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှကြီးမှူး၍ ကလပ်အသင်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ရွှေသံလွင်မီဒီယာတို့က ပူး ပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။