1 ပတ် - ဘာသာပြန်ပါ။

နိုင်ငံပေါင်း (၂၄)နိုင်ငံသို့ ခရီးစဉ်ပေါင်း(၅၃)ကြိမ်သွားရောက်ပြီး တပ်မတော်အဆင့်မြှင့်တင်ခြင်းလုပ် ငန်းများဆောင်ရွက်နိုင်ခဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ချိန် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံပေါင်း(၂၄) နိုင်ငံသို့ ခရီးစဉ်ပေါင်း(၅၃)ကြိမ်သွားရောက်ခဲ့ပြီး ခရီးစဉ်များမှတစ်ဆင့် ခေတ်မီတပ်မတော်ထူထောင်ရေးကိုလက်တွေ့လေ့လာနိုင်ခဲ့ကာ တပ်မတော်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၃ ရက်ကပြုလုပ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယခုအချိန်အထိ နိုင်ငံပေါင်း(၆)နိုင်ငံသို့ ခရီးစဉ်ပေါင်း(၁၂)ကြိမ်သွားရောက်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများကိုမြှင့်တင်နိုင်ခဲ့သည်ဟု ပြောသည်။

တပ်မတော်မှ အရာရှိ၊ စစ်သည်များကို နိုင်ငံတကာသို့ ပညာသင်တော်သင်များစေလွှတ်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလေ့ကျင့်ခန်းများစေလွှတ်ခြင်း၊ နိုင်ငံတကာတပ်မတော်ဆိုင်ရာဆွေးနွေးပွဲများစေလွှတ်ခြင်းနှင့် ချစ်ကြည်ရေးခရီးစဉ်ပေါင်း(၂,၈၉၂)ကြိမ် အရာရှိ(၇,၀၀၀)ကျော်နှင့် စစ်သည်(၇၀၀)ကျော်ကို နိုင် ငံတကာတပ်မတော်များနှင့် ထိတွေ့ဆက်ဆံမှုများ၊ နိုင် ငံတကာအတွေ့အကြုံများတိုးတက်လာစေရေးတို့အ တွက်စေလွှတ်ပေးခဲ့သည်ဟု ပြောသည်။

မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် (၁၅)နှစ်တာအတွင်း တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်အာင် ကြိုးစားဆောင်ရွက်ပေးခဲ့၍ တပ်မတော်သားများအား လုံးအနေဖြင့် နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်အမျှော်အမြင်ရှိရှိချမှတ်ထားခဲ့သည့် “မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့်နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန်”လည်းအလေးအနက်ထားတိုက်တွန်းမှာကြားခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် မသန်စွမ်းဖြစ်သွားသည့် တပ်မတော်သားများ၊ ‌ေ-သဆုံး၊ ကျဆုံးခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုများနှင့်သက်ပြည့်အငြိမ်းစား တပ်မတော်သားများ ဘဝကောင်းမွန်စွာရပ်တည်နေထိုင်နိုင်ရေးအတွက် နယ်မြေဒေသအလိုက် စစ်မှုထမ်းဟောင်းအိမ်ရာများကိုဆောင် ရွက်ပေးခဲ့ရာ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆင့်မြင့်/တန်ဖိုးသင့်စစ်မှုထမ်းဟောင်းအိမ်ရာနေရာ (၂၁)နေရာရှိပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ဆောက်လုပ်ပြီးအခန်း(၆,၈၀၀)ကျော်၊ ဆောက်လုပ်ဆဲအခန်း(၄,၀၀၀)ကျော်နှင့် နေရာချထားပေးရန်ဆောင် ရွက်ဆဲအခန်း(၈၇ဝ)ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

image