ထိုင်းအဲရ်‌ဝေးစ်က လက်မှတ်ခကို ၁၀ မှ ၁၅ ရာခိုင်နှုန်း မြှင့်မည်

ထိုင်းအဲရ်‌ဝေးစ်သည် အရှေ့အလယ်ပိုင်းမှ ဥရောပခရီးစဉ်သို့ ရွှေ့ပြောင်းကြသည့် ဖောက်သည်များ၏ အလွန်ကျွံဝယ်လိုအားနှင့် ရင်ဆိုင်နေရချိန်တွင် ရေနံဈေးနှုန်းမြင့်တက်မှုကို ကာမိစေရန်အတွက် လက်မှတ်ခများကို ၁၀ မှ ၁၅ ရာခိုင်နှုန်း မြှင့်တင်မည်ဟု ဘဏ္ဍာရေးအရာရှိချုပ် ချာ့ဒ်ချွမ် ထက်ဆာထီရာဆက်က ပြောကြားခဲ့သည်။

လေကြောင်းလိုင်း၏ ယခုလအတွက် ဥရောပသို့ ခရီးစဉ်အများစုသည် ထိုင်ခုံအရေအတွက်၏ ၉၀ ရာခိုင်နှုန်းခန့်သို့ ရောက်ရှိခဲ့ကြောင်း မစ္စချာ့ဒ်ချွမ်က ရင်းနှီးမြှုပ်နှံသူဆိုင်ရာ ဗီဒီယိုကွန်ဖရင့်တစ်ခုတွင် ပြောကြားခဲ့သည်။ ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါက ထိုင်းလေကြောင်းလိုင်းသည် လောင်စာဆီအပိုဆောင်းကြေးကို ထပ်မံတိုးမြှင့်ရန် အစီအစဉ်ရှိသည်ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

ခရီးသွားရန် စီစဉ်ထားသော ခရီးသည်များအနေဖြင့် လက်မှတ်ဈေးနှုန်းများ ထပ်မမြင့်တက်မီ ၎င်းတို့အတွက် လက်မှတ်များကို အမြန်ဆုံးဝယ်ထားကြရန် သူက ပြောခဲ့သည်။ “လာမယ့်နှစ်ပတ်အတွင်းမှာ ဥရောပလမ်းကြောင်းတွေနဲ့ အခြားဒေသတွေအတွက် လက်မှတ်တွေက အရမ်းအကန့်အသတ်ရှိလာလိမ့်မယ်” ဟု သူက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

image