ရေနံဈေးတစ်စည်ဒေါ်လာ၂၀၀ဖြစ်မည်--အီရန်

ပိတ်ဆို့ထားသော ပင်လယ်ကွေ့တွင် သင်္ဘောသုံးစင်း ထပ်မံတို-က်ခို-က်ခံခဲ့ရပြီးနောက် ရေနံဈေးသည် တစ်စည်လျှင် ဒေါ်လာ ၂၀၀ ဖြစ်လာမည့်အရေးအတွက် ပြင်ဆင်ထားကြရန် အီရန်စစ်ဘက် ကွပ်ကဲမှုဌာနက ဗုဒ္ဓဟူးနေ့တွင် သတိပေးလိုက်သည်။

အမေရိကနှင့် အစ္စရေးသည် စစ်ပွဲတလျှောက် အပြင်းထန်ဆုံးတို-က်ခို-က်မှုကို လုပ်ဆောင်ခဲ့သည်ဟု ပင်တဂွန်က ပြောဆိုခဲ့သော်ငြားလည်း အီရန်သည် ဗုဒ္ဓဟူးနေ့တွင် အစ္စရေးနှင့် အရှေ့အလယ်ပိုင်းတစ်ခွင်ရှိ ပစ်မှတ်များကို ပစ်ခတ်ခဲ့ကာ ၎င်းတို့အနေဖြင့် တုန့်ပြန်တို-က်ခို-က်နိုင်ဆဲဖြစ်ကြောင်းနှင့် စွမ်းအင်ထောက်ပံ့မှုများကို အနှောင့်အယှက်ပြုနိုင်ဆဲဖြစ်ကြောင်းကို ပြသခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် ပြီးခဲ့သည့် သီတင်းနှစ်ပတ်နီးပါးခန့်က အစ္စရေးနှင့်အတူ စတင်ဆင်နွှဲခဲ့သောစစ်ပွဲကို အမြန်အဆုံးသတ်စေမည့်နည်းလမ်းတစ်ခု ရှာဖွေလိမ့်မည်ဟု ရင်းနှီးမြှုပ်နှံသူများက ယုံကြည်သဖြင့် မြင့်တက်ခဲ့သော ရေနံဈေးနှုန်းများသည် ယခုသီတင်းပတ်အစောပိုင်းတွင် ပြန်ကျလာသကဲ့သို့ ရှယ်ယာဈေးကွက်များ ပြန်ကောင်းမွန်လာခဲ့သည်။

သို့သော် လက်ရှိအထိတွင်မူ မြေပြင်တွင် တင်းမာမှုများလျော့ကျခြင်း သို့မဟုတ် ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းသွားလာနိုင်သည့် လက္ခဏာတစ်စုံတရာ မတွေ့ရှိရသေးပေ။

“ရေနံဈေးနှုန်းဟာ ဒေသတွင်းလုံခြုံရေးပေါ်မှာ မူတည်ပြီး မတည်မငြိမ်ဖြစ်စေတဲ့အတွက် ရေနံတစ်စည်ကို ဒေါ်လာ ၂၀၀ ဖြစ်လာမယ့်အရေး အတွက် ကြိုပြင်ထားပါ” ဟု အီရန်စစ်ဘက်ကွပ်ကဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုလ်ဖာကာရီက အမေရိကန်ပြည်ထောင်စုကို ပြောကြားခဲ့သည်။

တေရန်ရှိ ဘဏ်တစ်ခု၏ ရုံးများကို ညပိုင်းအချိန်တွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် အီရန်သည် အမေရိက သို့မဟုတ် အစ္စရေးနှင့် စီးပွားရေးလုပ်ကိုင်သော ဘဏ်များကို လက်တုန့်ပြန်တိုက်ခိုက်မည်ဟုလည်း ဇိုလ်ဖာကာရီက ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတစ်လွှားရှိ လူများအနေဖြင့် ဘဏ်များနှင့် မီတာ ၁,၀၀၀ အကွာအဝေးတွင် နေထိုင်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: Asharq Al-Awsat

image