နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၌ ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်းများ တည်ဆောက်နေ
ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (BEMU)များကို နေပြည်တော် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၌
တည်ဆောက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့တည်ဆောက်နေမှုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက သွားရောက်ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိ တည်ဆောက်နေသော ယင်း ဘက်ထရီလျှပ်စစ် ရထားတွဲဆိုင်း (BEMU)များကို ရန်ကုန်မြို့ပတ်နှင့် ခရီးတိုလမ်းပိုင်းများ၌ အသုံးပြုမည်ဟုလည်း သိရသည်။
ထို့ကြောင့် တည်ဆောက်နေသည့် ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်းများ၊ ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ်၊ ဘက်ထရီတွဲများကို အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အထူးကြိုးပမ်း ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက မှာကြားခဲ့သည်။