လူတိုင်းလက်လှမ်းမီနိုင်သည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၃၀ တွင် ပြည့်မီရန် ရည်ရွယ်ထား

လူတိုင်းလက်လှမ်းမီနိုင်သည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၃၀ တွင် ပြည့်မီရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့ (မတ်လ ၁၁ရက်) က ကျင်းပသော မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသနအစီရင်ခံစာ အသိပေးတင်ပြခြင်းအခမ်းအနားတွင် ပြောသည်။

ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲရမှု ကုန်ကျစရိတ်များ ကာကွယ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး လူတိုင်းလက်လှမ်းမီနိုင်သည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၃၀ တွင်ပြည့်မီရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုမှ လိုအပ်လျက်ရှိသည့် လူမှုစီးပွားဘဝ ထိခိုက်လာသည်အထိ ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲရမှု ကုန်ကျစရိတ်များကို ကာကွယ်နိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံတွင်း၌ ၂၀၁၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ် သုတေသနရလဒ်များနှင့် နှိုင်းယှဉ်ပါက သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီ ဓာတ်များခြင်း ကဲ့သို့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာနေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

image